Under the Stars #3 - Polina Zipevent

Under the Stars #3 - Polina

26 Feb 2020
19:00 - 21:00 (UTC+7)
Institut français de Birmanie

Event Information


"UNDER THE STARS" OUTDOOR CINEMA NIGHTS #3 – POLINA
(English below)
"ကြယ်ရောင်အောက်မှာ" အမည်ရ လေဟာပြင်ရုပ်ရှင်ပြပွဲ #၃ - ပိုလီနာ

ဖေဖော်ဝါရီ ၂၆၊ ည ၇ နာရီ
ဝင်ကြေးအခမဲ့
ပြင်သစ်စကားပြော အင်္ဂလိပ်စာတန်းထိုး ဘဲလေးအကရုပ်ရှင်

လေဟာပြင်ရုပ်ရှင်လို့ မိတ်ဆွေ ဖတ်လိုက်ရပါသလား။ ပြင်သစ်ယဉ်ကျေးမှုဌာနက မိတ်ဆွေများအတွက် ၂၀၂၀ ခုနှစ်တွင် တတိယအကြိမ်မြောက် လေဟာပြင်ရုပ်ရှင်ပြသမှုအဖြစ် ဘဲလေးရုပ်ရှင်ကားကောင်းတစ်ကားကို ပြသသွားမည် ဖြစ်ပါသည်။

မိတ်ဆွေများ လာရောက်သည့်အခါ သက်တောင့်သက်သာ ပိုမိုရှိစေရန် မိမိတို့ နှစ်သက်ရာ အခင်း၊ အထိုင်၊ ခေါင်းအုံးတို့ကိုပါ မိမိတို့နှင့် တစ်ပါတည်း ယူဆောင်လာနိုင်ပြီး ပြင်သစ်ယဉ်ကျေးမှုဌာန ဥယျာဉ်ဝင်းအတွင်း အေးချမ်းလှပသည့် ညနေခင်းကို ရုပ်ရှင်ကြည့်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

စားသောက်ဖွယ်ရာများကိုလည်း ပြင်သစ်ယဉ်ကျေးမှုဌာန စားသောက်ဆိုင်နေရာတွင် မှာယူသုံးဆောင်နိုင်ပါသည်။

"ပိုလီနာ" ဇာတ်ကားအကျဉ်း

တိကျသေချာလှသည့် ဆရာတစ်ဦး၏ သင်ကြားမှုအောက်တွင် ငယ်စဉ်ကတည်းက ကြိုးစားခဲ့ရသည့် ဘဲလေးအကမယ် ပိုလီနာတစ်ယောက် နာမည်ကျော် ဘွိုင်ရွှိုင်ဘဲလေးအကအဖွဲ့ကြီးထဲ မဝင်မီ ခေတ်ပြိုင်အကပုံစံသစ်တစ်ခုကို တွေ့ရှိခဲ့သောအခါ ရှေ့ဆက်မည်သို့ကြုံတွေ့ရမည်ဆိုသည်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အမြည်းကြည့်ရှုရန် - https://www.youtube.com/watch?v=ngo754ypNiU

နောက်လာမည့် "ကြယ်ရောင်အောက်မှာ" အစီအစဉ်များ
#၄ - မာနွန် (တေးသရုပ်ဖော်အက) | ၂၀၂၀ မတ် ၁၈
#၅ - အံအားသင့်ဖွယ် တင်ဆက်သွားမည့် အစီအစဉ် | ၂၀၂၀ ဧပြီ ၈


"UNDER THE STARS" OUTDOOR CINEMA NIGHTS #3 – POLINA

February 26 at 7pm | Free entry
French language with English subtitles

Under the stars: An outdoor screening series to spend a cozy night in the French institute garden to watch ballet, opera and arts film.

Come and feel on screen the enchantment dance can bring, through this fictional portrait of a ballerina discovering contemporary dance – and a new part of herself.

Don't forget to bring your own pillow, cover and blanket to get comfy in our lovely garden!

Food and drinks available from Parasol.

SYNOPSIS OF POLINA

Rigorously trained from an early age by a perfectionist instructor, Polina (played by Anastasia Shevtsova, a professional dancer who has performed with Saint Petersburg's Mariinsky Theatre) is a promising classical ballet dancer. She is just about to join the prestigious Bolshoi Ballet when she discovers contemporary dance, a revelation that throws everything into question on a profound level.

Trailer: https://www.youtube.com/watch?v=ngo754ypNiU

UPCOMING UNDER THE STARS NIGHTS
#4: MANON (ballet) | March 18
#5: Surprise screening | April 8


Location Details


Institut français de Birmanie

LOCATION

340, Pyay Road, Sanchaung Township, Yangon Yangon, Myanmar

VIEW MAP

Want to know more about this event?
Please contact the organizer for more information.