Event Information

ကိုယ်ပိုင်သံစဥ် သီချင်းတွေနဲ့ မြန်မာပြည်ရဲ့ ဂီတလောကမှာ တစ်ထောင့်တစ်နေရာက နှစ်ပေါင်း ၂၀ ကျော်ကျော် ရပ်တည်ပေးနေခဲ့တဲ့ တောင်ကြီးသား တေးရေး၊ တေးဆို ‘ကိုအောင်’ ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ibis Styles Yangon Stadium Hotelရဲ့ Rooftop Bar ဖြစ်တဲ့ 369 Dine & Barမှာ February 1 ရက်နေ့ ညနေ ၇ နာရီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။
ကိုယ်ပိုင်သံစဥ်၊ Alternative, Rock, Popတွေကိုပဲ ရင်ခုံကြတဲ့ ဂီတပရိတ်သက်ကြီးအတွက် ကိုအောင်ရဲ့ Signature သီချင်းတွေဖြစ်တဲ့ ကြယ်တွေစုံတဲ့ည၊ နွေဦးပုံပြင်တွေကို နားဆင်ရမယ့်အပြင် မြန်မာ့ဂီတလောကမှာ ယခုထက်ထိ လွမ်းဆွတ်နေကြတဲ့ Alternative သီချင်းများစွာကိုလည်း LIVE အဝနားထောင်ရမှာမို့လို့ ဒီပွဲလေးကို လက်လွတ်မခံသင့်ကြောင်းလည်း အသိပေးလိုက်တယ်နော်။
ဒီလို အထင်ကရသီချင်းတွေကို Rooftop ပေါ်က လေပြေလေညင်းလေးတွေနဲ့အတူ ကိုယ်ံပိုင်သံစဥ်တွေကို တီးခတ်ရာမှာ အားလုံးရဲ့ ရင်ထဲကို တိုးဝှေ့ထိရှစေတဲ့ ROS Band - Rose of Sharon အပြင် တယော ကိုချမ်းဟိန်းကြွယ်၊ ပါးကားရှင်း ကိုရဲလင်းတို့ရဲ့ အမိုက်စား ဂီတ လက်ရာများနဲ့ အမုန်း နစ်မြောဖို့အတွက် ကိုယ်ပိုင်သံစဥ်မှ ကိုယ်ပိုင်သံစဥ်ဆိုတဲ့ ဂီတချစ်ပရိတ်သက်ကြီးကို ဖိတ်ခေါ်ပါရစေ။
လက်မှတ်များကိုတော့ အောက်ဖော်ပြတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပြီး၊ နေရာ အခက်အခဲရှိတဲ့အတွက် ဦးရာလူစံနစ်မို့ ယခု ဝယ်ထားမှ စိတ်ချရမှာပါလို့လည်း သတိပေးလိုက်တယ်နော်။

VVIP - K250,000
Max 6 Person, Double Black Label - 1 Bottle FREE
VIP - K200,000
Max 6 Person, Black Label - 1 Bottle FREE
REGULAR TICKET - K15,000
1 x Myanmar Beer Cup FREE
လက်မှတ်များကို ibis Styles Yangon Stadium Hotel ၏ reception မှာ လာရောက်ဝယ်ယူနိုင်သလို ဖုန်း 01-757 8101 နှင့် Facebook messenger မှလည်း ဝယ်နိုင်ပါတယ်။
ဆုံကြမယ်နော်
Team #369RooftopBar


Event Contact

Location Details

369 Dine & Bar
Location

369 Laydaungkan Road, Yangon, 11071 Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.