Study Tour (Thai-Myanmar Border Trade) Zipevent

Study Tour (Thai-Myanmar Border Trade)

3 - 6 Jan 2020
20:00 - 05:00 (UTC+7)
Institute of Management and Logistics

Event Information


မင်္ဂလာပါရှင်

IML မှ နှုတ်ခွန်းဆက်သအပ်ပါတယ်။

IML တွင် ပညာလေ့လာသင်ယူနေသော/သင်ယူခဲ့သော ကျောင်းသား/သူများ ပြင်ပလုပ်ငန်းခွင် ဗဟုသုတများ ရရှိစေရန်၊ Supply Chain နယ်ပယ်တွင် Networking အချိတ်အဆက် ပိုမိုများပြားလာစေရန် ရည်ရွယ်ပြီး IML မှ Study Tour များကို လစဉ်စီစဉ်ပေးလျက် ရှိပါတယ်။

ဒီတစ်ခါမှာတော့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းတွင် သွားရောက်လေ့လာဖို့ စီစဉ်ထားရှိပါတယ်။

ယခု လေ့လာရေးခရီးစဉ်ကတော့ မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းစီစဉ်ထားတာ ဖြစ်ပါတယ်။

---------------------------------------------
ခရီးစဉ်လေးကတော့
📆 3 January 2020

➡️ ည ၈ နာရီမှာ IML ကျောင်းကနေ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။

📆 4 January 2020

➡️ မြ၀တီနယ်စပ်ကို နံနက် ၇ နာရီခန့်မှာ ရောက်ရှိမှာ ဖြစ်ပြီး မဲဆောက်ကို ဖြတ်မှာ ဖြစ်ပါတယ်။
➡️ Robinson နားမှာ တည်ရှိတယ် Fortune D Hotel မှာ တည်းခိုမှာ ဖြစ်ပါတယ်။
➡️ ‌ခေတ္တနားခိုပြီးရင် မဲဆောက်မှာ ရှိတဲ့ Retails လုပ်ငန်းပိုင်း၊ သိုလှောင်ရုံ စီမံခန့်ခွဲမှုပိုင်းတွေကို မြေပြင်ကွင်းဆင်းလေ့လာမှာ ဖြစ်ပါတယ်။
➡️ ညနေပိုင်းမှာတော့ မဲဆောက်က အထင်ကရ အပန်းဖြေနေရာတွေကို လည်ပတ်ကြပါမယ်။
➡️ ထို့နောက် မဲဆောက်ဟိုတယ်တွင်သာ ညအိပ်စက်မှာ ဖြစ်ပါတယ်။

📆 5 January 2020

➡️ နံနက် ၉ နာရီတွင် မဲဆောက်မှ ထွက်ခွာမှာ ဖြစ်ပါတယ်။
➡️ ထို့နောက် မြ၀တီကုန်သည်ကြီးများအသင်းက ဦးဆောင်ပြီး ကုန်သွယ်ရေးကိစ္စများ၊ သိုလှောင်ရုံ စီမံခန့်ခွဲပုံများကို မြေပြင်ကွင်းဆင်းလေ့လာမှာ ဖြစ်ပါတယ်။
➡️ မြ၀တီမှ ည‌ ၇ နာရီတွင် ရန်ကုန်သို့ ထွက်ခွာပါမယ်။

📆 6 January 2020

➡️ နံနက် ၄ နာရီခန့်တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
--------------------------------------------------
Registration Deadline - 25 December, 2019

Agenda Map လေး ရယူလိုပါက IML Page ရဲ့ Message Box က‌ဖြစ်စေ၊ Viber က ဖြစ်စေ တောင်းယူနိုင်ပါတယ်။

အသေးစိတ် ထပ်မံသိရှိလိုပါက IML Hotline Phone Number - 09777798069 သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်


Event Contact

Location Details


Institute of Management and Logistics

LOCATION

Room No. 3/A, 3rd Floor, Myaynigone Plaza, Bargayar Road, Sanchaung Township, Yangon, Myanmar, Yangon Yangon, Myanmar

VIEW MAP

Want to know more about this event?
Please contact the organizer for more information.