Study Tour (Thai-Myanmar Border Trade) Zipevent

Study Tour (Thai-Myanmar Border Trade)

3 - 6 Jan 2020
20:00 - 05:00 (UTC+7)
Institute of Management and Logistics

Event Information

မင်္ဂလာပါရှင်

IML မှ နှုတ်ခွန်းဆက်သအပ်ပါတယ်။

IML တွင် ပညာလေ့လာသင်ယူနေသော/သင်ယူခဲ့သော ကျောင်းသား/သူများ ပြင်ပလုပ်ငန်းခွင် ဗဟုသုတများ ရရှိစေရန်၊ Supply Chain နယ်ပယ်တွင် Networking အချိတ်အဆက် ပိုမိုများပြားလာစေရန် ရည်ရွယ်ပြီး IML မှ Study Tour များကို လစဉ်စီစဉ်ပေးလျက် ရှိပါတယ်။

ဒီတစ်ခါမှာတော့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန် ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းတွင် သွားရောက်လေ့လာဖို့ စီစဉ်ထားရှိပါတယ်။

ယခု လေ့လာရေးခရီးစဉ်ကတော့ မြ၀တီကုန်သည်ကြီးများအသင်းနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းစီစဉ်ထားတာ ဖြစ်ပါတယ်။

---------------------------------------------
ခရီးစဉ်လေးကတော့
📆 3 January 2020

➡️ ည ၈ နာရီမှာ IML ကျောင်းကနေ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။

📆 4 January 2020

➡️ မြ၀တီနယ်စပ်ကို နံနက် ၇ နာရီခန့်မှာ ရောက်ရှိမှာ ဖြစ်ပြီး မဲဆောက်ကို ဖြတ်မှာ ဖြစ်ပါတယ်။
➡️ Robinson နားမှာ တည်ရှိတယ် Fortune D Hotel မှာ တည်းခိုမှာ ဖြစ်ပါတယ်။
➡️ ‌ခေတ္တနားခိုပြီးရင် မဲဆောက်မှာ ရှိတဲ့ Retails လုပ်ငန်းပိုင်း၊ သိုလှောင်ရုံ စီမံခန့်ခွဲမှုပိုင်းတွေကို မြေပြင်ကွင်းဆင်းလေ့လာမှာ ဖြစ်ပါတယ်။
➡️ ညနေပိုင်းမှာတော့ မဲဆောက်က အထင်ကရ အပန်းဖြေနေရာတွေကို လည်ပတ်ကြပါမယ်။
➡️ ထို့နောက် မဲဆောက်ဟိုတယ်တွင်သာ ညအိပ်စက်မှာ ဖြစ်ပါတယ်။

📆 5 January 2020

➡️ နံနက် ၉ နာရီတွင် မဲဆောက်မှ ထွက်ခွာမှာ ဖြစ်ပါတယ်။
➡️ ထို့နောက် မြ၀တီကုန်သည်ကြီးများအသင်းက ဦးဆောင်ပြီး ကုန်သွယ်ရေးကိစ္စများ၊ သိုလှောင်ရုံ စီမံခန့်ခွဲပုံများကို မြေပြင်ကွင်းဆင်းလေ့လာမှာ ဖြစ်ပါတယ်။
➡️ မြ၀တီမှ ည‌ ၇ နာရီတွင် ရန်ကုန်သို့ ထွက်ခွာပါမယ်။

📆 6 January 2020

➡️ နံနက် ၄ နာရီခန့်တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။
--------------------------------------------------
Registration Deadline - 25 December, 2019

Agenda Map လေး ရယူလိုပါက IML Page ရဲ့ Message Box က‌ဖြစ်စေ၊ Viber က ဖြစ်စေ တောင်းယူနိုင်ပါတယ်။

အသေးစိတ် ထပ်မံသိရှိလိုပါက IML Hotline Phone Number - 09777798069 သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်


Event Contact

Location Details

Institute of Management and Logistics
Location

Room No. 3/A, 3rd Floor, Myaynigone Plaza, Bargayar Road, Sanchaung Township, Yangon, Myanmar, Yangon Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.