နုနယ်လှတဲ့ သားသမီးလေးတွေဆိုတာ -
ပျော့ပြောင်းတဲ့ မြေသားလေးတွေလို ပါပဲ
အိုးတစ်အိုးပြုလုပ်တဲ့အချိန်မှာ အိုးလုပ်တဲ့မြေသားချင်းတူပေမယ့် ပုံသွင်းတတ်တဲ့သူ ဖန်တီးပုံဖော်လိုက်တဲ့ အစွမ်းအစပေါ် မူတည်ပြီး အိုးရဲ့ လှပသေသပ်ခန့်ညားထည်ဝါမှုက ကွာခြားနေမှာ အမှန်ပါပဲ။
အဲ့ဒီလိုပါပဲ ..... သားသမီးလေးတွေရဲ့ Behavior, Mindset ဟာလည်း အိုးမလုပ်ခင်ခတ်နှိပ်လိုက်တဲ့ တံဆိပ်တွေ အတိုင်းပဲ ..... အိုးကွဲသည်အထိ တာရှည်ခံတည်တံ့နိုင်သကဲ့သို့ မိဘတွေအနေနဲ့ ပုံဖော်ပေးလိုက်တဲ့အတိုင်း သားသမီးတွေရဲ့ အနာဂတ်ဟာ ရုပ်လုံးပေါ်လာမှာပါ ......
မိဘတွေရဲ့ ပျိုးထောင်မှုဟာ သားသမီးတွေရဲ့
အနာဂတ် တောက်ပလာစေသလို /
မိဘတွေကြောင့်ပဲ သားသမီးတွေရဲ့ ဘဝ ကမောက်ကမ ဖြစ်စေတတ်ပါတယ်။
သားသမီးတွေဘဝ လှပဖို့ မိဘ ရဲ့ အုပ်ထိန်းမှုစနစ်
ကောင်းမွန်ရေး က မဖြစ်မနေ လိုအပ်လှပါတယ် ....
မြန်မာနိုင်ငံတွင် လွန်စွာ အရေးပါလျက်ရှိသော
မိဘအုပ်ထိန်းမှု စနစ်ပုံစံ နဲ့ ကလေးများ၏အကျင့်စာရိတ္တ
ဖွံ့ဖြိုးမှုဆိုင်ရာအကြောင်းကို ........
ဝါရင့် ဆရာကြီးများဖြစ်ကြသော
Professional Psychologists
👨🏻🏫 Professor Dr. Khin Myint နှင့်
👨🏻🏫 Dr. Soe Shwe တို့မှ
🗓 သြဂုတ်လ ၂၄ ရက်နေ့ (စနေနေ့)
🕜 နေ့လည် ၁:၃၀ မှ ၅:၀၀ အထိ ကို
🏢 Summit Parkview Hotel တွင်
မေတ္တာဖြင့် ဟောပြောပေးသွားမည် ဖြစ်သည်။
ထိုပွဲတွင် -
Personal Development Facilitator ဖြစ်သော
👨🏻💻 ဒေါက်တာဇေယျာအောင်
နှင့်
Motherhood Development Facilitator ဖြစ်သော
👩🏻💻 ဒေါ်သက်မြတ်နိုး
တို့ကလည်း အားဖြည့်ပါဝင် မျှဝေသွားမည် ဖြစ်သည်။
🔴🔴🔴 Limited Seat 🔴🔴🔴
ဖြစ်တာကြောင့် တက်ရောက်လိုသူများအနေဖြင့်
09699003010 နှင့် 09699003020 သို့ အမြန်ဆုံး
စာရင်းပေးသွင်းထားမှ စိတ်ချရမည်ဖြစ်ပါသည် .....
ဘာတွေသိလာရမလဲ ???
------------------------
၁။ မိဘအုပ်ထိန်းမှုစနစ်ပုံစံများသည် ကလေးများ၏ စာရိတ္တဖွံ့ဖြိုးတွင် အခြေခံအုတ်မြစ်ဖြစ်သည်ကို သိရှိရန်၊
၂။ ကလေးများ၏စာရိတ္တဖွံ့ဖြိုးမှုသည် ပြစ်မှုကျူးလွန်ခြင်းနှင့်
ဆက်ဆံရေးဆန့်ကျင်သော အပြုအမူများကို ထိန်းချုပ်
ကာကွယ်မှုတွင် မည်မျှအရေးပါပုံ ကို သိရှိနားလည်နိုင်စေရန်၊
၃။ ကလေးများ၏ဘဝအောင်မြင်မှု လမ်းကြောင်းနှင့် စာရိတ္တဖွံ့ဖြိုးမှု ဆက်နွယ်နေကြောင်းဘသိရှိရန်၊
၎။ လူကြီးဘဝသို့ရောက်လာသောအခါ စာရိတ္တပျက်ယွင်း ဖေါက်ပြန်သော အပြုအမူများ (ဥပမာ၊ မုဒိန်းမှုများ၊ ခိုးမှုများ၊
မူးယစ်ဆေးဝါးသုံးစွဲမှုများ) ကိုမကျူးလွန်မိ စေရန်(သို့)
ထိန်းချုပ်ရာတွင် ငယ်စဉ်ကလေးဘဝက မိဘများ၏ပုံသွင်းခြင်း စနစ်သည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်ကို သေချာစွာ သဘောပေါက်နားလည်ရန်
၅။ ကိုယ့်သားသမီးများဘဝ အနာဂတ်လှဖို့ မည်သို့မည်ပုံ အကောင်းဆုံး အုပ်ထိမ်းစောင့်ရှောက်ရန် ....
စသည့် စိတ်ဝင်စားဖွယ် အနှစ်သာရများကို ဝါရင့်ဆရာကြီးများထံမှ လေ့လာသိရှိရပါမည် ဖြစ်ပါ၍ လက်မလွတ်စတမ်း
အချိန်ပေးတက်ရောက်သင့်သည့် ပွဲလေးဖြစ်ပါသည် ......
No.350, Ahlone Road, Dagon Township, Yangon, 1 Yangon, Myanmar
Zipevent Myanmar