[Unicode]
ရုတ်တရက်ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်တဲ့ ငွေစုခြင်းအလေ့အထဟာ မြန်မာပြည်ကလူတွေနဲ့ မစိမ်းလှပါဘူး။ ဒီလိုကောင်းတဲ့ဓလေ့ကိုပြန့်ပွားစေဖို့ရည်ရွယ်ချက်နဲ့ ကျင်းပမယ့် World Savings Day Event ကိုတော့ နိုဝင်ဘာလ ၁၆ရက်နေ့ ရန်ကုန်မြို့ဝန်ကြီးများရုံးမှာ နံနက် ၉နာရီကနေ ညနေ ၅နာရီအထိစည်စည်ကားကားကျင်းပသွားမှာဖြစ်ပါတယ်။
ဒီ World Savings Day Event လေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နဲ့အတူ GIZ, UNCDF နဲ့ JICA တို့က ပူးပေါင်းပြီး မြန်မာနိုင်ငံသားများအတွက် ထိရောက်စွာငွေစုဆောင်းနိုင်ဖို့ အသိပညာနဲ့နည်းလမ်းများရရှိနိုင်စေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် World Savings Day Event မှာ ငွေကြေးရေးရာကျွမ်းကျင်ပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ဟောပြောပို့ချချက်တွေကိုနားထောင်နိုင်မှာပါ။
တချိန်တည်းမှာပဲ ဝန်ကြီးများရုံးဝင်းအတွင်းမှာ လူသိများထင်ရှားတဲ့မြန်မာ့ငွေကြေးအဖွဲ့အစည်းများမှ ငွေစုခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်မည့်အပြင် ဘဏ်များ၊ အာမခံလုပ်ငန်းများ၊ stock exchanges ကုမ္ပဏီများ သာမက Fintech ကုမ္ပဏီများနဲ့ ငွေကြေးကုမ္ပဏီများရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ရှင်းပြမယ့် ဆိုင်ခန်းငယ်လေးတွေလည်းပါဝင်အောင် အစီအစဉ်တွေဖန်တီးပေးထားပါတယ်။
World Savings Day Event မှာငွေကြေးစီမံခန့်ခွဲမှုအမေးအဖြေအစီအစဉ်လေးတွေနဲ့ ဆုလက်ဆောင်ပေးမယ့်အစီအစဉ်တွေ ကလေးသူငယ်တွေအတွက်တင်မက လူကြီးတွေအတွက်ပါ အခြားပျော်စရာအစီအစဉ်တွေတစ်စုတစည်းထဲခင်းကျင်းမယ့်အပြင် အစားအသောက်များနဲ့လည်း ဧည့်ခံတည်ခင်းမှာဖြစ်ပါတယ်။
ဒါကြောင့် ငွေကြေးဆိုင်ရာအသိပညာတွေတိုးပွားပြီး ငွေစုခြင်းဆိုင်ရာအလေ့အထကောင်းတွေကိုပျိုးထောင်နိုင်ဖို့ World Savings Day Event ကို ဝန်ကြီးများရုံးမှာ လာရောက်ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါရစေနော်။
#SaveForFutureMyanmar
[Zawgyi]
ရုတ္တရက္ၾကံဳေတြ႕ရတတ္တဲ့ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ရည္ရြယ္တဲ့ ေငြစုျခင္းအေလ့အထဟာ ျမန္မာျပည္ကလူေတြနဲ႔ မစိမ္းလွပါဘူး။ ဒီလိုေကာင္းတဲ့ဓေလ့ကိုျပန္႔ပြားေစဖို႔ရည္ရြယ္ခ်က္နဲ႔ က်င္းပမယ့္ World Savings Day Event ကိုေတာ့ ႏိုဝင္ဘာလ ၁၆ရက္ေန႔ ရန္ကုန္ျမိဳ႕ဝန္ၾကီးမ်ားရံုးမွာ နံနက္ ၉နာရီကေန ညေန ၅နာရီအထိစည္စည္ကားကားက်င္းပသြားမွာျဖစ္ပါတယ္။
ဒီ World Savings Day Event ေလးကို စီမံကိန္းနွင္႔ဘ႑ာေရးဝန္ၾကီးဌာန၊ ရန္ကုန္စီးပြားေရးတကၠသိုလ္တို႔နဲ႔အတူ GIZ, UNCDF နဲဲ႔ JICA တို႔က ပူးေပါင္းျပီး ျမန္မာႏိုင္ငံသားမ်ားအတြက္ ထိေရာက္စြာေငြစုေဆာင္းႏိုင္ဖို႔ အသိပညာနဲ႔နည္းလမ္းမ်ားရရွိႏိုင္ေစရန္ရည္ရြယ္က်င္းပရျခင္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ဒုတိယအၾကိမ္ေျမာက္ ႏွစ္ပတ္လည္ World Savings Day Event မွာ ေငြေၾကးေရးရာကြ်မ္းက်င္ပညာရွင္ေတြနဲ႔ ထင္ရွားေက်ာ္ၾကားသူေတြရဲ႕ ေဟာေျပာပို႔ခ်ခ်က္ေတြကိုနားေထာင္ႏိုင္မွာပါ။
တခ်ိန္တည္းမွာပဲ ဝန္ၾကီးမ်ားရံုးဝင္းအတြင္းမွာ လူသိမ်ားထင္ရွားတဲ႔ျမန္မာ့ေငြေၾကးအဖြဲ႔အစည္းမ်ားမွ ေငြစုျခင္းဆုိင္ရာအလုပ္ရံုေဆြးေႏြးပြဲမ်ားကုိျပဳလုပ္မည္႔အျပင္ ဘဏ္မ်ား၊ အာမခံလုပ္ငန္းမ်ား၊ stock exchanges ကုမၸဏီမ်ား သာမက Fintech ကုမၸဏီမ်ားနဲ႔ ေငြေၾကးကုမၸဏီမ်ားရဲ႕ ထုတ္ကုန္နဲ႔ဝန္ေဆာင္မႈေတြကို ရွင္းျပမယ့္ ဆုိင္ခန္းငယ္ေလးေတြလည္းပါဝင္ေအာင္ အစီအစဥ္ေတြဖန္တီးေပးထားပါတယ္။
World Savings Day Event မွာေငြေၾကးစီမံခန္႔ခြဲမႈအေမးအေျဖအစီအစဥ္ေလးေတြနဲ႔ ဆုလက္ေဆာင္ေပးမယ့္အစီအစဥ္ေတြ ကေလးသူငယ္ေတြအတြက္တင္မက လူၾကီးေတြအတြက္ပါ အျခားေပ်ာ္စရာအစီအစဥ္ေတြတစ္စုတစည္းထဲခင္းက်င္းမယ့္အျပင္ အစားအေသာက္မ်ားနဲ႔လည္း ဧည္႔ခံတည္ခင္းမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ေငြေၾကးဆိုင္ရာအသိပညာေတြတိုးပြားျပီး ေငြစုျခင္းဆိုင္ရာအေလ့အထေကာင္းေတြကိုပ်ိဳးေထာင္ႏိုင္ဖို႔ World Savings Day Event ကို ဝန္ၾကီးမ်ားရံုးမွာ လာေရာက္ပါ၀င္ဆင္ႏြွဲဖို ႔ဖိတ္ေခၚလုိက္ပါရေစေနာ္။
#SaveForFutureMyanmar
Zipevent Myanmar