2019 9 လပိုင်း ၈ ရက်နေ့မှာကျင်းပမဲ့ Job Fair မှာ ဘာတွေပါမှာလဲ🤔
Job Fair နေ့ မှာပါဝင်မယ့် Section လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။
1. IT Knowledge sharing section
(IT Speaker : Ko Sai Tin Min Lu , Ko Zeyar Wint)
2. Interview Section (2nd Biggest IT Company in Japan)
3. Event Section (Tasting Japanese Snacks)
အသေးစိတ်ကိုတော့ အောက်မှာဆက်ပြီး ဖတ်ရှုနိုင်တယ်နော် (^o^)
တက်ရောက်လိုသူများကတော့ အောက်ပါ လင့်မှာ Registration ကြိုလုပ်ထားဖို့တော့လိုပါတယ်နော်
Registration Link :
📬 https://forms.gle/wFkQvnLGkBKtJS379
CV Format in English :
📬https://bit.ly/2NjqAnX
1. IT Knowledge sharing section
ဒီ Section လေးမှာ ဆိုရင်တော့ IT နယ်ပယ် မှာ အတွေ့အကြုံရှိပြီးသား ပညာရှင်များမှ အတွေ့အကြုံနှင့် လုပ်ငန်းခွင်မှာလိုအပ်တဲ့ Skill တွေကိုဟောပြောပေးသွားမှာဖြစ်ပါတယ်။
ဟောပြောမယ့် speaker များနဲ့ ခေါင်းစဉ်တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
2. Interview Section
ဒီ Section လေးကတော့ အားလုံးသိကြတဲ့ အတိုင်း Japan နိုင်ငံ မှာ IT Engineer တယောက်အနေနဲ့ လုပ်ကိုင်နိုင်ဖို့ အတွက် interview ဖြေရမယ့် Section လေးဖြစ်ပါတယ်။😊 Japan စာ ရတဲ့လူကော မရတဲ့ လူကော ပါဝင်ဖြေဆို နိုင်စေရန် စီစဉ်ထားပါတယ်။😊
3. Event Section
ဂျပန် နိုင်ငံ ရဲ့ အစားအသောက် တချို့ကိုမြည်းစမ်းခွင့် ရနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်😲😋
နောက်တစ်ခုကတော့ Jagaimo Section လေးဖြစ်ပါတယ်
Jagaimo ရဲ့ အကြောင်းကိုတော့ အောက်မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်
Jagaimo ဆိုတာဘာလဲ?🤔
Jagaimo ဆိုတာက organization တစ်ခုရဲ့ နာမည်လေးပါ
အာလူးကို Japan လိုရေးထားတာပါ
အာလူးဆိုတဲ့ အတိုင်းပဲ ရောက်တတ်ရာရာပြောမယ် အကြောင်းအရာလေးတွေ ပျော်ပျော်ပါးပါး
မျှဝေကြမယ်😉
ဖွဲ့စည်းရချင်းရည်ရွယ်ချက်ကတော့ Japan နိုင်ငံ ကို အလုပ်နဲ့ သွားတာပဲဖြစ်ဖြစ်၊ ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလည်အပတ်ပဲဖြစ်ဖြစ် ဘာကြောင့် သွားသွား ပြင်ဆင်သင့်တာတွေကို မပြင်ဆင်လိုက်ရလေခြင်းမဖြစ်ရလေအောင် ပြောပြမယ်၊ သိချင်တာလေးတွေမေးကြမယ်၊ သတိထားပြီး ဆောင်ရန်ရှောင်ရန် လေးတွေပြောပြမယ် 😜
ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းထားလဲဆိုရင် ရည်ရွယ်ချက်တစ်ခုအတွက် ပန်းတိုင်ကို လျှောက်လှမ်းနေကြတဲ့ လူတွေနဲ့ ဖွဲ့စည်းထားမယ်
ငါဘယ်သူလဲ ဆိုတာတွေထားခဲ့ ပြီး သိချင်တဲ့ မေးခွန်းတွေ ပြောပြချင်တဲ့အကြောင်းအရာတွေ ရင်ဖွင့်ချင်တဲ့ကိစ္စတွေ ကို ယူဆောင်လာပြီး အားလုံးနဲ့ မျှဝေခံစားလို့ရပါတယ်🤗
Jagaimo မှာ ပါဝင်ရင်းနဲ့ သူငယ်ချင်းအသစ်တွေ ရရှိနိုင်မယ် အခွင့်အလမ်းအသစ်တွေရရှိနိုင်မယ် အများကြီးရနိုင်တာကတော့မေးခွန်းတွေပါ ကိုယ်တိုင်တွေးထားတဲ့ Japan နဲ့ ကိုယ်တိုင်ကြုံတွေ့တဲ့ Japan မတူတော့တဲ့ အဖြစ်ပျက်မျိုးမရှိရလေအောင် Jagaimo မှာ ရင်ဖွင့်ပြီး သိရှိနိုင်ပါတယ် ဒါတွေဟာ Confidence တိုးလာနိုင်စေမယ့် အကြောင်းအရင်းတစ်ခုဖြစ်စေမယ်လို့လဲမျှော်လင့်ထားတယ်။ အဲ့နေ့ မှာ ပြောသွားမယ့်sample titleလေးတွေကိုဖော်ပြပေးထားပါတယ်
ဟင်းချက်ပျင်းတဲ့ လူ Japan ရောက်သွားတဲ့ အခါ
Japan ကို ရောက်ရင် ဘယ်နေရာကို အသွားချင်ဆုံးလဲ
Japan ရောက်ပြီး ကိုယ်မတွေ့ကြုံချင်တဲ့ ကိစ္စကဘယ်လိုမျိုးလဲ
Japan လူမျိုးသူငယ်ချင်းတစ်ယောက်အကြောင်း
ဘာတွေပြင်ဆင်ပြီးပြီလဲ
Japan မှာကြုံတွေ့မဲ့ လူနေမှုဘဝကို ဘယ်လိုစိတ်ကူးယဉ်ထားလဲ
Japan မှာ Ninja တကယ် ရှိလားစတဲ့ ခေါင်းစဉ် တွေနဲ့ ပျော်ပျော်ပါးပါး ပြောသွားကြမှာဖြစ်ပါတယ်
အစရှိတဲ့ section တွေအပြင် Interview stress တွေကို Movies တွေ Anime တွေ ကြည့်ရင်းနဲ့ လျှော့ချနိုင်အောင်စီစဉ်ပေးထားပါတယ်။
#ဝန်ဆောင်ခလုံးဝပေးရန်မလိုတဲ့အစီ်အစဉ်လေးပါ
#itinspirationandjobfair
Insein Road, (9) Ward, Hlaing Township, Yangon Yangon, Myanmar
Zipevent Myanmar