Gakken Classroom Education Seminar Zipevent

Gakken Classroom Education Seminar

20 Jul 2019
10:00 - 16:00 (UTC+7)
Novotel Yangon Max

Event Information


"Let's Think About The Future"
       20th, July, 2019, Novotel Hotel ၌ ကျင်းပပြုလုပ်မည့် Gakken Classroom Education Seminar ပွဲကြီးကို မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖွင့်လှစ်ထားရှိတဲ့ Gakken Classroom Centre ပေါင်း(၄၀) ၌တက်ရောက်လျက်ရှိသော Gakken Classroom member များနှင့်အတူ ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။🎊🎊🎈🎈
         
           ယခုပွဲကြီးတွင် မိမိတို့၏ လုပ်ငန်းနယ်ပယ်များ၌ အောင်မြင်မှုအသီးသီးရရှိပြီးဖြစ်သော Robot Programming Trainer, Entrepreneur, Doctor, Engineer, Artist, Athlete နှင့် Teacher များမှ မိမိတို့၏ ဘဝတစ်လျှောက် မည်သို့ရည်မှန်းချက်များထားခဲ့ပုံ၊ ကြိုးစားခဲ့ပုံနှင့် လိုအပ်သော အရည်အချင်းများအကြောင်းကို ဝေမျှပေးသွားမှာဖြစ်တဲ့အတွက် ကလေးများကိုယ်တိုင် Gakken Classroom အခမ်းအနားသို့ တက်ရောက်လေ့လာခြင်းဖြင့် မိမိ၏အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်ပိုမိုခိုင်မာလာမည်ဖြစ်ပြီး၊ စိတ်အားထက်သန်စွာ လက်တွေ့အကောင်အထည်ဖော်ချိန်တွင် လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော ပွဲကြီးဖြစ်ပါသည်။
           😍😍Gakken Classroom Seminar ပွဲကြီးတက်ရောက်သူများအနေဖြင့် အောက်ပါအစီအစဉ်များစွာတွင်ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။👇🏿👇🏿

(1) Learning About The Future Careers👨‍🚀👩🏼‍⚖️👨‍⚕️ လုပ်ငန်းနယ်ပယ်အသီးသီး၌ အောင်မြင်မှုရရှိနေသူများမှ ကလေးငယ်များ အနာဂတ်တွင် မရှိမဖြစ်လိုအပ်သော ဗဟုသုတနှင့် အသိပညာများကို သားသား၊ မီးမီးများအား မျှဝေပေးခြင်း။

(2)Giving Award Ceremony👨🏻‍🎓👨‍🎓👩🏼‍🎓👩‍🎓
       Gakken Classroom မှ လေ့လာသင်ယူမှု ပြီးမြောက်အောင်မြင်သွားသော Gakken Classroom member များမှ ဂုဏ်ပြုဆုများလက်ခံရရှိခြင်း။

(3)Report Contest 📝📝📝
        သားသား၊မီးမီးတို့ ပျော်ရွှင်လွတ်လပ်စွာ လေ့လာရရှိသော အတွေ့အကြုံများကို Report Contest အစီအစဉ်တွင်ပါဝင်ရင်း ဆုလက်ဆောင်များရရှိမည့် အခွင့်ရေးကြီးစီစဉ်ထားရှိခြင်း။

(4)First Come, First Served Present🎁🎁🎁
         ကလေးငယ်များပျော်ရွှင်စွာ ပါဝင်နိုင်ရန် First Come, First Served Present လေးတွေစီစဉ်ထားရှိတဲ့အတွက် ပွဲသို့ အချိန်မီ တက်ရောက်ပြီး ဆုလက်ဆောင်လေးတွေရယူနိုင်ခြင်း။

(5)Photo Booth 📸📸
       Gakken Seminar သို့ တက်ရောက်ကြသော ဖေဖေ၊မေမေ နှင့် သားသား၊မီးမီးများ ပျော်ရွှင်စွာ အလှဓာတ်ပုံများ ရိုက်ကူးနိုင်ရန် photo booth များလည်းပြင်ဆင်ပေးထားတဲ့အတွက် အမှတ်တရလေးများဖန်တီးနိုင်ခြင်းတို့ကြောင့်
       သားသား၊မီးမီး တို့ အနာဂတ်အတွက် မျော်လင့်ချက်၊ရည်မှန်းချက်ဖြင့် စိတ်အားထက်သန်သော ဖေဖေ၊မေမေများမှ Gakken Classroom Education Seminar ပွဲကြီး တက်ရောက်ရန် Gakken Classroom မှဖိတ်ခေါ်လိုက်ပါသည်။🤗🤗🤗😍
      
         Gakken Classroom ၌ တက်ရောက်နေသော သားသား၊မီးမီးတို့ အနေဖြင့် အုပ်ထိန်းသူနှစ်ဦး Gakken Classroom Education Seminar ပွဲကြီးသို့ တက်ရောက်ခွင့်ရရှိမှာဖြစ်တဲ့အတွက် ဖေဖေ၊မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့လက်ကိုတွဲလို့ ပွဲကြီးကို တက်ရောက်ခဲ့ပါလို့ ဖိတ်ခေါ်ပါရစေနော်။🤗😍😍
-----Gakken Classroom Member Only!!!!-------      


Location Details


Novotel Yangon Max

LOCATION

459 Pyay Road Kamayut Tsp, Yangon, Myanmar (Burma) Yangon, 11041 Myanmar

VIEW MAP

Want to know more about this event?
Please contact the organizer for more information.