ဒီနှစ်ရဲ့ Chanwoo Birthday Event နာမည်လေးကိုတော့ January ရဲ့ Birth Flower လေး CARNATION လို့နာမည်ပေးထားပါတယ်။
နှစ်စဉ် Chanwoo မွေးနေ့ဆို အလှူအတန်းလေးတွေ လုပ်နေကြဆိုတော့ 22နှစ်ပြည့်ဖြစ်တဲ့ (ကိုရီးယားနှစ် 23နှစ်) ဒီနှစ်ကိုလဲ KONation Foundation က ဦးဆောင်ပြီး My Dear Jung Chanwoo နဲ့အတူ မွေးနေ့အလှူကို ကျင်းပသွားမှာဖြစ်ပါတယ်။
အလှူ ✨
25ရက်နေ့ စနေနေ့ နေ့လည်ပိုင်းကို ရန်ကုန်ဆေးရုံးကြီး ကုသဆောင်မှာ အာဟာရဒါန နေ့လည်စာကို လူဦးရေ အယောက် 200 စာ အယုဂ်အလတ် အမြတ်မရွေး စတုဒီတာအနေနဲ့ ဝေမျှ လှူဒါန်းသွားမှာဖြစ်လို့ Chanwoo လေး Birthday အတွက် အလှူပါဝင်ချင်တဲ့ iKONICs တွေအနေနဲ့ ပါဝင်လှူဒါန်းရန် နှိုးဆော်လိုက်ပါတယ်။
အလှူငွေထည့်လိုပါက My Dear Jung Chanwoo နှင့် KONation Foundation တို့မှာ လာရောက် ပြောကြားလို့ရပါသည်။
ငွေအားဒါန လှူဒါန်းရုံမက အလှူနေရာကိုလိုက်ပါပြီးလုပ်အားဒါနလှူဒါန်းချင်သူများရှိပါက My Dear Jung Chanwoo chatbox မှာလာပြောပေးကြပါနော်...
နှစ်စဉ်နှစ်တိုင်းအမှတ်တရလက်ဆောင်ပေးနေကြအစီအစဉ်ဖြစ်တဲ့ အလှူလိုက်ပါသူတွေနဲ့ အလှူငွေထည့်ပေးကြသော iKONICs တွေအတွက် My Dear Jung Chanwoo ကနေ Chanwoo photo card လေးများကိုလဲ လက်ဆောင်ပေးပါဦးမယ်နော် 😘🤍
For More Detail
09961692230
အားလုံးကို ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်နော် ✨
Zipevent Myanmar