👨👩👧👧"မိသားစုများ ကျန်းမာဖို့ ဆီးချိုသွေးချို ကာကွယ်စို့"
🌏ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးက မိသားစုတွေအနေနဲ့ ဆီးချိုစောင့်ရှောက်မှုကို (၃) နေရာမှာ အာရုံစိုက်ပြီးပါဝင်ကြဖို့အကြံပြုထားပါတယ်။🌏
၁။ ဆီးချို သွေးချိုရောဂါကို စောစောဖော်ထုတ်ရေး
၂။ ဆီးချို သွေးချိုရောဂါ ဖြစ်နိုင်ခြေရှိတဲ့ မိသားစုတွေမှာ ဆီးချိုရောဂါ ဖြစ်မလာအောင်တားဆီးရေး
၃။ဆီးချို သွေးချိုရှိတဲ့မိသားစုကိုစောင့်ရှောက်ရာမှာ
ပါဝင်ကူညီရေး
ဆီးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ နေထိုင်စားသောက်မှုပုံစံများ၊ ဆီးချိုရောဂါ ရှေ့ပြေးလက္ခဏာများ၊ ဆီးချိုရောဂါရှင်ကို စောင့်ကြည့်ဂရုစိုက်ပေးရမည့် အချက်များကို သိရှိထားခြင်းဖြင့် သင်ချစ်ရတဲ့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရှည် နေထိုင်နိုင်မှာ ဖြစ်ပါသည်။
ဒီလို ဗဟုသုတ အချက်အလက်တွေကို အချိန်အနည်းငယ်အတွင်း လေ့လာနိုင်စေဖို့ ကျွန်တော်တို့ Grand Hantha International Hospital နှင့် MMDA (Myanmar Diabetes Association )တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၁၄ ရက် (ကမ္ဘာ့ဆီးချိုရောဂါနေ့) မှာ လူထုအတွင်း ဆီးချိုရောဂါဆိုင်ရာ အသိပညာမျှ ဝေပေးမယ့် အခမ်းအနားလေး ကျင်းပဖို့ရှိပါတယ်။
အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း၊
ဆီးချိုရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးပေးခြင်းအချို့တို့ကို အခမဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်သလို ဆီးချိုရောဂါဆိုင်ရာ ဗဟုသုတများကို စိတ်ဝင်စားဖွယ်တင်ဆက်ပြသ သွားမှာဖြစ်ပါတယ်။ အခြားပျော်ရွှင်ဖွယ်ရာ ဉာဏ်စမ်းအစီအစဉ်များ၊ Lucky Draw အစီအစဉ်များလည်း ထည့်သွင်းထားပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှင်များ သာမက မိမိနှင့်မိမိ မိသားစုကို ဆီးချိုရောဂါ ခံစားရခြင်းမှ ကင်းဝေးစေလိုတဲ့ မည်သူမဆို လာရောက်လေ့လာပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
နေ့ရက် ... ၁၄၊နိုဝင်ဘာ၊၂ဝ၁၉
အချိန် ... နေ့လည် ၁၁နာရီ မှ ညနေ ၆နာရီ
နေရာ ... Grand Hantha International Hospital
မှတ်ချက်။ ။အထူးကုဆရာဝန်ကြီးများနှင့်
တိုင်ပင်ဆွေးနွေးလိုပါက
• (၁၂.၁၁.၂၀၁၉)နောက်ဆုံးထား၍
📞📞ဖုန်း(၀၉ ၉၆၀၈၄၂၈၂၇) သို့လည်းကောင်း
📩📩ယခု Facebook page ၏ Message Box
သို့လည်းကောင်းစာရင်းပေးသွင်းပါရန်။(လူဦးရေကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းပါရန်။)
• သောက်လက်စ ဆေးများနှင့် ဆေးမှတ်တမ်း အဟောင်းများရှိပါက ယူဆောင်လာပေးပါရန်။
GRAND HANTHA INTERNATIONAL HOSPITAL
No.3, Corner of Nar Nat Taw Street & Kyee Myintdaing Kanner Road, Kamayut Township,
Yangon.
Tel. 01 52300, 01 523 111, 01 523 222