ယခုနှစ် ကမ္ဘာ့သန့်ရှင်းရေးနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် စည်းကမ်းမဲ့အမှိုက်လျော့နည်းစေရန် လှုံဆော်ရေး ဆွေးနွေးပွဲ "Trash Revolution Forum" နှင့် " အမှိုက်ကောက်ရင်း ပြေးကြမယ်" Trash Run ပွဲကို JCI Myanmar နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းးများနှင့် ပူးပေါင်းပြီး ဖွင့်ပွဲအနေဖြင့် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်အတွင်းရှိ အချစ်ကျောက်တိုင် LOVE STONE ရှေ့  မြက်ခင်းပြင်တွင် ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ယခုနှစ်မှာဆိုရင်တော့ “Trash Revolution Forum” နဲ့အတူ အမှိုက်ကောက်ရင်း ပြေးကြမယ် "Trash RUN" အစီအစဉ်များကို ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါသည်။
ပွဲရဲ့အဓိက ရည်ရွယ်ချက်မှာ အမှိုက်နဲ့ပတ်သက်သော ပြဿနာများကို နိုင်ငံသားတိုင်း ပိုမိုသတိထားမိလာစေရန်၊ သန့်ရှင်း၍ စိန်းလမ်းစိုပြေလှပသော ပတ်ဝန်းကျင်ကောင်းတစ်ခုပေါ်ပေါက်လာစေရန်၊ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို တက်ကြွသော နိုင်ငံသားများနှင့် အတူတကွ ပူးပေါင်း ဖန်တီး ဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်ပါသည်။
ကနဦး အမှိုက်ကင်းစင် ပညာပေး အစီအစဉ် “Trash Revolution Forum” တွင် အမှိုက် ပြဿနာ နှင့် ပတ်သတ်ပြီး ဖြေရှငိးရန် ကြိုးပမ်းနေကြသော နယ်ပယ်အသီးသီး မှ လှုပ်ရှားနေသော နိုင်ငံသား များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများမှ အောက်ပါ ခေါင်းစဉ်များ နှင့် ဆွေးနွေး သွားကြမှာ ဖြစ်တယ်။
ဆွေးနွေးကြမည့် ခေါင်းစဉ်များမှာ
၁) စနစ်တကျ အမှိုက်စွန့်ပစ်မှုပုံစံ၊
၂) မြန်မာ့ သန့်ရှင်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ
၃) တစ်ခါသုံးပလတ်စတစ် နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု
၎) အစိုးရ အနေနှင့် ချမှတ်ထားသော အမှိုက် သန့်ရှင်းရေးဆိုင်ရာ မုဝါဒ နှင့် လမ်းစဉ်များ
၅) သဘာဝဘေးအန္တရာယ်နျင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများဖြစ်ပါတယ်။
ဒီပွဲမှ အမှိုက်ကောက် Campaign အတွေ့အကြုံသာမက အမှိုက်ကြောင့် မိမိ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော လူမှုပြဿနာများကိုပါ ပိုမိုသိရှိနားလည်စေပြီး တက်ကြွသော နိုင်ငံသားတိုင်း သန့်ရှင်းပြီး ပိုမိုကောင်းမွန်သော လူအဖွဲ့အစည်းတစ်ခုကို အတူတကွ ဖော်ဆောင်ကြမည့် နည်းလမ်းကောင်းများကိုပါ သိရှိ နားလည်စေနိုင်မှာ ဖြစ်ပါတယ်။
ပါဝင်ဆင်နွှဲနိုင်ဖို့ တာဝန်သိ တက်ကြွ မြန်မာနိုင်ငံသားတိုင်း တစ်ဦးတစ်ယောက်ချင်းစီကို ဖိတ်ခေါ်အပ်ပါသည်”
***တက်ရောက်ပါဝင်မည့်သူများ ကြိုတင်စာရင်းပေးနိုင်ပါသည်***
ပွဲနေ့ရက် - ၂၁ စက်တင်ဘာ ၂၀၁၉ (စနေနေ့)
ပွဲစတင်မည့် အချိန်
ဖိုရမ် (မနက် ၁၀ နာရီ မှ ၁၂ နာရီ အထိ)
အမှိုက်ကောက်ရင်း ပြေးကြမယ် အစီအစဉ် (နေ့လည် ၁၂ နာရီ မှ ညနေ ၄နာရီအထိ)
နေရာ - Love Stone ရှေ့ မြက်ခင်းပြင်၊ ပြည်သူ့ရင်ပြင် [ ပွဲသို့ လာမည့်သူများအလုံလမ်း (နက္ခတ်တာရာပြခန်းဖက်) ၀င်ပေါက်မှ ၀င်ပါရန် ]
***တက်ရောက်ပါဝင်မည့်သူများ ကြိုတင်စာရင်းပေးနိုင်ပါသည်***
Between Pyay Road to its west, U Wisara Road to its east, Dhammazedi Road to its north and Ahlone Road to its south, Yangon Yangon, 11111 Myanmar
Zipevent Myanmar