Strong Independent Women - Power Women (Free Seminar)
ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ ရှေ့ကိုပိုထွက်လာကြပါပြီ။ အဖွဲ့အစည်းတွေမှာဆိုရင်လည်း အမျိုးသားတွေချည်းပဲ ဦးဆောင်တာမျိုးမဟုတ်တော့ဘဲ အမျိုးသမီးများလည်း ရှေ့ကနေ မားမားမတ်မတ် ဉီးဆောင်တာတွေ ပိုများလာပါပြီ။
အထူးသဖြင့် စီးပွားရေးနယ်ပယ်မှာ အမျိုးသမီးများဟာ အမျိုးသားတွေနဲ့ အပြိုင် ရင်ဘောင်တန်းကာ လုပ်ငန်းကြီးတွေကို ဉီးဆောင်လုပ်ကိုင်နေကြပါပြီ။ ဒါတင်မက နိုင်ငံရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်တွေမှာဆိုရင်လည်း အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ပိုထင်ရှားလာသလို ဘ၀ရဲ့စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်လာကြတဲ့သူတွေကိုလည်း ပိုမိုမြင်တွေ့လာရပါတယ်။
ဒီလို အမျိုးသမီးတွေအနေနဲ့ ထက်မြက်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ခေါင်းဆောင်မှုစွမ်းရည်တွေ စတဲ့အရည်အသွေးတွေဟာ အမျိုးသမီးတွေအတွက် ဘာကြောင့်အရေးကြီးလဲ၊ ဒီအရည်အသွေးတွေကို ဘယ်လိုလေ့ကျင့်ပျိုးထောင်မလဲ စတာတွေနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက ထင်ရှားတဲ့ အမျိုးသမီးတွေက Strong Independent Women မှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ဒေါ် မေသင်္ကြန်ဟိန် ( CEO, Myitmakha Media Group)က Moderator အဖြစ်ပါဝင်ပြီး
(၁) မျိုးစန္ဒီကျော် (Actress)
(၂) ဒေါ်တင့်တင့်လွင် ( Chair Person, Tint Tint Myanmar Group)
(၃) အေသင်ချိုဆွေ (Singer)
(၄) ဒေါ်ကြည်ကြည် (Founder, Kyi Kyi’s House) တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
**************************************
ပွဲကျင်းပမည့်နေ့ရက် - မတ်လ ၁ ရက် ၊ ၂၀၂၀ (တနင်္ဂနွေ)
ပွဲကျင်းပမည့်အချိန် - ၁း၀၀ နာရီမှ ၄း၀၀ နာရီ
ပွဲကျင်းပမည့်နေရာ - Time City (Jewellery Mall- Shopping Mall Area)
**************************************
ပွဲဖြစ်မြောက်အောင် Gold Sponsor အဖြစ် ပံ့ပိုးကူညီပေးပါသော
pH Care Myanmar
Wellwoman
AGB Communication Co., Ltd တို့အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။
**************************************
တက်ရောက်ပြီး စာရင်းပေးသွင်းချင်သူများအနေဖြင့်
Online Register >>> https://www.eventbrite.com/e/92610000003
SMS Register >>> 09 785 606060 နှင့် 09 968 557 560 ကို နာမည်၊ ဖုန်းနံပါတ်၊ email address နဲ့ အလုပ်အကိုင်ကို sms ပေးပို့ပြီး စာရင်းသွင်းနိုင်ပါတယ်။
App Register >>> မိမိ ဖုန်းထဲတွင် Download လုပ်ထားပြီးသော B2B application ကို ပွဲနေ့တွင်တာဝန်ရှိသူများအား ပြသပြီး ဝင်ရောက်နိုင်ပါတယ်။
B2B Myanmar App Download Link - http://onelink.to/b2bmm
အသေးစိတ်သိရှိမေးမြန်းလိုပါက 09 785 606060 နှင့် 09 968 557 560 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။