တောင်သူလယ်သမားကြီးများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ
အကျိုးဖြစ်ထွန်းရေးလုပ်ငန်းရှင်များ အတွက် အဓိကရည်ရွှယ်သော
Myanmar Agritech And Construction Machinery Expo
ပွဲကြီးတွင်
တရုတ်နိုင်ငံ၊ ယူနန်မြို့၊ ဟန်ကျုံးမြို့၊ ကျန်းဆူးမြို့ တို့တွင်
ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိတဲ့ စိုက်ပျိုးရေးလေယာဉ်၊
စိုက်ပျိုးရေးသုံးစက်ယန္တရား၊ ပိုးသတ်ဆေး၊ ဓါတ်မြေဩဇာ၊
ဓါတုဆေးဝါး နှင့် ထုတ်ပိုးစက် အစရှိတဲ့ သီးပင်ပျိုးပင်များ
လွယ်ကူလျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်သည့်
လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ နှင့်
စက်ယန္တရားများကို နိုဝင်ဘာလ ၂၂ရက်မှ၂၄ရက်နေ့ထိ
သုံးရက်တိုင်တိုင်၊ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းပေါ်ရှိ
တပ်မတော်ခန်းမမှာ မနက် (၉) နာရီ မှ ညနေ (၆) နာရီထိ
ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများကို
တစ်နေရာထဲမှာ စုံစုံလင်လင် ခင်းကျင်းပြသွားမှာဖြစ်ပါတယ်။
ပြပွဲကြီးကို တက်ရောက်လာသူများထဲမှ
တစ်နေ့ကို လယ်ထွန်စက် (၁) စီး
သုံးရက်တိုင်တိုင် စုစုပေါင်း (၃) စီးကို
မဲဖေါက်ပေးမည့် အစီအစဉ် နှင့်
အမှတ်တရလက်ဆောင်များ ပါဝင်တာကြောင့်
အမြို့မြို့ အနယ်နယ်ရှိ လူကြီးမင်းများအားလုံး
ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာဖြင့်
အသိပေးဖိတ်ကြားအပ်ပါတယ်။
ယခုပြပွဲကြီးကို စိတ်ပါဝင်စားသော
ပြည်တွင်းကုမ္ပဏီများလည်း ပူးပေါင်းပါဝင်ပြသနိုင်ပါတယ်။
Hoteline @ 09 4500 45003`
Zipevent Myanmar