Love Korea ပွဲဆိုတာ ဘာလဲ?
ဒီ Love Korea ပွဲကို ကိုရီးယားနိုင်ငံ ခရီးသွားလာမှုဆိုင်ရာ ကော်ပိုရေးရှင်း- ဘန်ကောက် ရုံးခွဲ (KTO) မှ ကြီးမှုး ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး Boy Group ဖြစ်တဲ့ Project-K ရဲ့ ဖျော်ဖြေမှု၊ နာမည်ကြီး တေးသံရှင်Key ရဲ့ ဖျော်ဖြေမှု၊ ၊ K-Pop ကို နှစ်ခြိုက်တဲ့ KPopper တွေအတွက် K-Pop Cover Dance ပြိုင်ပွဲတွေ အပြင် ကိုးရီးယား စကားပြောစွမ်းရည်ပြိုင်ပွဲ၊ အစားတစ်လိုင်းတွေအတွက် ကိုရီးယား အစားအသောက်တွေကို မြည်းစမ်းခွင့် စတဲ့ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေ ပါဝင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။
Love Korea ပွဲကို လာရောက်ရင်း သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ကိုရီးယား ထုတ်ကုန်ပစ္စည်းများကိုဝယ်ယူနိုင်မှာ ဖြစ်သလို ကိုရီးယာနိုင်ငံကို သွားရောက်လည်ပတ်ချင်တဲ့ Korea Lovers တွေ အတွက်လည်းခရီးသွား အေဂျင်စီတွေက အသက်သာဆုံး ဈေးနှုန်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပေးသွားဦးမှာပါ။ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ အစားအစာတွေ၊ Fashion Trend တွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ ရင်းနှီးခွင့်ရမယ့် ဒီ Love Korea ပွဲလေးကို ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Corner of Bogyoke Aung San Road, Yangon, Myanmar (Burma) Yangon, 11111 Myanmar
Zipevent Myanmar