သင့်ရဲ့ NAMIBIA သို့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်း ခရီးစဉ်ကိုစတင်လိုက်ပါ!
မင်္ဂလာပါ NAMIBIA ဒေသမှာကျင်းပမည့် The ABOVE AND BEYOND TOUR 2020 ခရီးစဉ်ကို စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဆိုပါခရီးစဉ် အတွက်ပထမဦးစွာ Land Rover Myanmar မှ CarsDB Auto Show Yangon 2019 ပြပွဲမှာနိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ကျင်းပပြုလုပ်တဲ့ The ABOVE & BEYOND CHALLENGE အရည်အချင်းစစ်ပြိုင်ပွဲ ကို
အရင်ပါ၀င် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲမှ အနိုင်ရရှိတစ်ဦးကသာ အာဖရိကတိုက် NAMIBIA ဒေသရှိ THE ABOVE AND BEYOND TOUR 2020 ရဲ့ ၈ ရက်တာ ခရီးစဉ်ကို အခမဲ့ ပါခွင့်ရရှိမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပမယ့် အချိန်များကတော့ နေ့စဉ် မနက် (၁၀) နာရီမှ (၁၂) နာရီထိ နှင့် နေ့လည် (၃) နာရီမှ ညနေ (၅) နာရီထိ ဖြစ်ပြီး ကျင်းပမည့်
နေရာကတော့ The One Entertainment Park ရန်ကုန်မြို့ ဖြစ်ပါတယ်။
ပါ၀င်ယှဉ်ပြိုင်လိုပါက Message Box မှတဆင့် အမည်၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စဉ် အမျိုးအစား၊ ယှဉ်ပြိုင်မယ့်နေ့ရက်နှင့် အချိန်ကိုပေးပို့ပေးရမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့်နေ့မှာ ပြိုင်ပွဲကျင်းပရာ နေရာသို့ မိနစ် (၃၀)ခန့်စောပြီး ရောက်ရှိနေရမှာဖြစ်ပါတယ်။
Land Rover Myanmar မှ ကျင်းပပြုလုပ်တဲ့ The Above and Beyond Tour မော်တော်ယာဉ်မောင်းနှင်မှုအရည်အချင်းစစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး Namibia ဒေသသို့ လိုက်ပါရမည့် အခွင့်အရေးကို ရယူပိုင်ဆိုင်လိုက်ပါ။
Zipevent Myanmar