SUPERCHARGE YOUR SALES & MARKETING (SYSM)
သင့်ရဲ့ Sales & Marketing Techniques ကို အကောင်းဆုံးနှင့် အမြင့်ဆုံး ရောက်အောင်မြှင့်တင်ပေးနိုင်မည့် သင်တန်း (သို့) Supercharge Your Sales & Marketing (SYSM) သင်တန်း ကို Yangon မြို့ တွင်ပြုလုပ်မည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စာဖတ်သူတို့သိကြတဲ့အတိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်
ယောက် (သို့) Sales Manager တစ်ယောက် (သို့) အရောင်းဝန်ထမ်းတစ်ယောက်အတွက် Sales & Marketing ဆိုတာ ကိုယ်လုပ်ကိုင်နေတဲ့ Business အတွက် အရမ်းကို အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပါ
တယ်။
လေ့လာတွေ့ရှိချက်များအရ အရောင်းဝန်ထမ်း/ Sales
Manager (၁၀) ယောက်မှာ (၇) ယောက်ခန့်ကသူတို့ ကုန်ပစ္စည်းတစ်ခုကိုဘယ်လိုမျိုးအောင်အောင်မြင်မြင်ရောင်းချခဲ့သလဲဆိုတဲ့ Sales process အသေးစိတ်ကို မသိကြတဲ့အတွက် အဲဒီလိုမျိုးအလားတူ အောင်မြင်တဲ့ Sales
တစ်ခုကိုဖန်တီးရာမှာ အခက်အခဲကြုံတွေ့ရတတ်ပါတယ်။
အရှင်းဆုံးပြောရရင်တော့ ရောင်းချခြင်းနှင့်ကုမ္ပဏီတစ်ခု၏
ဝင်ငွေတို့ဟာ တိုက်ရိုက်သက်ဆိုင်နေပါတယ်။
▄▄▄▄▄▄▄▄▄
ရောင်းချခြင်း = ဝင်ငွေ
▄▄▄▄▄▄▄▄▄
များများရောင်းနိုင်လေလေ ကုမ္ပဏီ/မိမိလုပ်ငန်းအတွက်
ဝင်ငွေများလေလေပါပဲ။
ဒါပေမယ့် အဲဒီရောင်းချခြင်းဆိုတဲ့ (Art of Sales) ဆိုတာ အရမ်းကိုရိုးရှင်းလွယ်ကူနေရင် ဘာကြောင့်လူတိုင်း ( အရောင်းနှင့်သက်ဆိုင်သော ) မအောင်မြင်ကြသေးတာလဲ?
Art of Sales ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချချင်ပါသလား?
သင့်လုပ်ငန်းရဲ့ ရောင်းအားကို လပိုင်းအတွင်း သိသိသာသာ တိုးတက် (၁၅% - ၈၀%) လာချင်ပါသလား?
အရမ်းကိုအောင်မြင်တဲ့ အရောင်း Manager/ဝန်ထမ်း/စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လိုပါသလား?
Supercharge Your Sales & Marketing ( SYSM ) သင်တန်းကို နိုဝင်ဘာလ ( ၁၂ ) ရက်နေ့၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Myanmar Excellence Institute ၏ Lead Master Trainer ဦးပြေခိုင် ကိုယ်တိုင် secret of Sales & Sales process တို့ကို အကျယ်တဝင့်သင်
ကြား ပို့ချသွားမည်ဖြစ်ပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Supercharge your Sales & Marketing ( SYSM ) သင်တန်းကိုတက်ရောက်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးအချို့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
� 5 Steps Sale Formula ကို အသုံးပြု၍ Sales Result ကောင်းအောင် ပြုလုပ်လာနိုင်ခြင်း
� ဝယ်ယူသူ customer တွေရဲ့ psychology ကိုလေ့လာနိုင်ပြီး သူတို့အတွက်အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်း
� Neuro-Linguistic Programming (NLP) Sale Techniques တွေကို အသုံးပြုပြီး ဝယ်ယူသူတို့၏ငြင်းပယ်မှုများကို ကိုင်တွယ်ဖြေရှင်းလာနိုင်ခြင်း
� အရမ်းခက်ခဲသော customer များနှင့် အဆင်ပြေအောင်ဆက်ဆံလာနိုင်ခြင်းနှင့် ထိုသူတို့အား မိမိ၏ products များကို လွယ်ကူစွာရောင်းချလာနိုင်ခြင်း
� အချိန် နေရာ မရွေး၊ မည်သည့် customer ရဲ့ငြင်းပယ်မှု
မျိုးကိုမဆို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းလာနိုင်ပြီး Sale Closing Rate နှင့်အတူ customer အသစ်များရရှိ
လာနိုင်ခြင်း
� ကိုယ့်ရဲ့ Sales Team နှင့်အတူ လက်ရှိ Sales Target ကိုမီရုံသာမက၊ လက်ရှိထက် ကောင်းမွန်သော ရောင်းအားကောင်းအောင်လုပ်ဆောင်လာနိုင်ခြင်း
� မိမိ၏ Sales Team နှင့်အတူတက်ရောက်ရန် တိုက်တွန်းလိုပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဘယ်သူတွေတက်ရောက်သင့်သလဲ ?
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
� Sales Executives
� Managers & Directors
� Marketing & Business Development Professionals
� စီးပွားရေးလုပ်ငန်းရှင်များ
� Entrepreneurs များ
� Professional & Personal Life မှာ အောင်မြင်လိုသူများ
� အရောင်းကျွမ်းကျင်သူ ဖြစ်ချင်သော မည်သူမဆို
� Sales & Marketing အဖွဲ့အစည်းတစ်ခုလုံး ညီညွတ်ကောင်းမွန်ရန်လိုအပ်သောကြောင့် လုပ်ငန်းရှင်နှင့် ဝန်ထမ်းများ အားလုံး တက်ရောက်သင့် ပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄
Training Fees (သင်တန်းကြေး)
▄▄▄▄▄▄▄▄▄▄▄▄▄
Normal price : ကျပ်(၂) သိန်း
Special promotion : (၈) သောင်းကျပ်
(Only for first 20 people)
Group discount (၂ ယောက်နှင့် အထက်) : (၇) သောင်း ကျပ်
လူဦးရေအကန့် အသတ်ရှိမည်ဖြစ်ပါသောကြောင့် အခုပဲ ဖုန်း 09 451750051 သို့ဆက်သွယ်၍ စာရင်းပေးသွင်း အပ်နှံစေလိုပါသည်။
▄▄▄▄▄▄▄▄
Training Schedule
▄▄▄▄▄▄▄▄
နေ.ရက် ။ ။ နိုဝင်ဘာလ (၁၂) ရက်နေ.
အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ (၆) နာရီ အထိ
နေရာ ။ ။ Grand United Hotel (Ahlone Branch)
▄▄▄▄▄▄▄
Trainer Profile
▄▄▄▄▄▄▄
ဦးပြေခိုင်သည် စင်္ကာပူနိုင်ငံရှိ Multi-National Corporation (MNC) များဖြစ်သော IBM, HP, DBS Bank တို့တွင် Consultant အဖြစ် (၈) နှစ် ကျော်ကြာလုပ်ဆောင်ခဲ့ပါသည်။ ထို (၈) နှစ် ကျော်ကာလအတွင်း Technical Skills, Leadership, Finance, Economic, Education, Psychology(NLP) အစရှိသည့် ဘာသာရပ်များကို လေ့လာခဲ့ရုံသာမက Sydney, Singapore, Vietnam, Malaysia နှင့် Myanmar နိုင်ငံတို့တွင်လည်း သင်တန်းများသွားရောက်ပို့ချလျက် ရှိပါသည်။
သူသည် ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး Speakers, Trainers, Leader များဖြစ်ကြသည့် Tony Robbins, Sir Richard Branson, Dr John C Maxwell, Robert Kiyosaki, T Harv Eker, Blair Singer, Steve Wozniak ( Apple Co-Founder ) အစရှိသည့် ပုဂ္ဂိုလ်များနှင့်အနီးကပ် လုပ်ကိုင်သင်ယူခဲ့သူလည်း ဖြစ်ပါသည်။
သူသည် အမေရိကန်နိုင်ငံ NLP အဖွဲ့အစည်း (ABNLP) မှ အသိအမှတ်ပြုသော မြန်မာနိုင်ငံ၏ ပထမဆုံး Certified NLP Trainer & Coach တစ်ယောက်လည်းဖြစ်ပါသည်။ ထို့အပြင်သူသည် အမေရိကား၏ နာမည်ကြီးလေးစားရသော Leader တစ်ယောက်ဖြစ်သည့် Dr. John C Maxwell ၏ official Certified JohnMaxwell Coach, Trainer & Speaker တစ်ယောက်လည်းဖြစ်ပါသည်။
နိုင်ငံတကာတွင်သင်တန်းများပို့ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်လည်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက်ရည်ရွယ်၍ Myanmar Excellence Institute ( MEI ) ကို 2013 ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ Personal & Professional Development အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
MEI ရဲ့ဆောင်ပုဒ် " Empowering Lives Everyday " ဆိုသည့်အတိုင်း Company စတင်တည်ထောင်ချိန်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စာပေဟောပြောပွဲ၊ Seminars ၊ Workshop & Training ( NLP, Personal & Prfessional Development, Sales & Marketing, Leadership ) ပေါင်း ( ၆၀ )ကျော် သင်ကြားပို့ချခဲ့ပြီး လူပေါင်း ( ၇၃၀၀ ) ကျော်တက်ရောက်ခဲ့ပါတယ်။
MEI ၏ Master Trainer အဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး Sky Net, MRTV-4, MRTV, MITV, Reader Channel, CEO Magazine တို့တွင်လည်း Financial Education နှင့်ပတ်သက်သည့် အစီအစဉ်များ၊ NLP ကို အသုံးပြု၍ ဘဝအောင်မြင်ရေးဟောပြောမှုများ၊ Leadership ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါသည်။
လေးစားစွာဖြင့်
Pyay Khai
Asia's Top Success Coach
Certified NLP Trainer & Coach
Certified Hypnosis Trainer
Certified John Maxwell Coach, Trainer & Speaker
Master Trainer & Coach at Myanmar Excellence Institute - MEI