Retail (လက်လီရောင်းချခြင်း) လုပ်ငန်းဆိုတာ လုပ်ငန်းအမျိုးအစားတွေထဲမှာ လုပ်ကိုင်သူများပြားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တစ်ပိုင်တနိုင်ဆိုင်ကလေး၊ မိသားစုကုန်စုံဆိုင်လေးကနေ စူပါမားကက်၊ ရှောပင်းမောလ်ကြီးတွေအထိ ဆိုင်ပေါင်းများစွာမှာ ကုန်ပစ္စည်းမျိုးစုံကို လူပေါင်းများစွာ ရောင်းချလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ လည်ပတ်နေတဲ့ လက်လီလုပ်ငန်းတွေအောင်မြင်ဖို့ဆိုရင် Smart ဖြစ်တဲ့၊ အများနဲ့အတူနဲ့ နည်းလမ်းတွေနဲ့ လုပ်တတ်ဖို့လိုပါတယ်။ ဒီလိုနည်းလမ်းတွေကို ဝေမျှဖို့အတွက် စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ City Mart၊ Ocean၊ City Express စတဲ့ Retail လုပ်ငန်းတွေကို အောင်မြင်စွာလုပ်ကိုင်နေသူ City Holdings ရဲ့ ပဲ့ကိုင်ရှင် ဒေါ်ဝင်းဝင်းတင့်တို့က Smart Retail အကြောင်း ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။
ပထမဦးဆုံး City Mart Supermarket ကို ရန်ကုန်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ပေါင်းများစွာဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်မှုရရှိစေတဲ့ နည်းလမ်းတွေ၊ မဟာဗျူဟာတွေ၊ နောက် စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားခဲ့သလဲ၊ ဖန်တီးမှုအသစ်တွေကို ဘယ်လိုဖန်တီးခဲ့သလဲ ဆိုတာတွေကို လေ့လာဖို့
===========================
နေ့ရက် - နိုဝင်ဘာ ၁၀ ရက် (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁း၃၀ မှ ၄း၀၀ နာရီ အထိ
နေရာ - Royal Ballroom (2nd floor)
Hotel Yangon (8 mile) သို့
လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ဗျ။
===========================
Smart Retail ပွဲကို တက်ရောက်သင့်တဲ့သူတွေကတော့
(၁) Retail အကြောင်းစိတ်ဝင်စားသူတွေ
(၂) ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အစပျိုးနေသူတွေ
(၃) စီးပွားရေးလောကထဲဝင်ဖို့ ကြံရွယ်နေသူများ
(၄) စီးပွားရေးကျောင်းသားများ တက်ရောက်သင့်သော ပွဲလေးတစ်ပွဲဖြစ်ပါတယ်။
===========================
တက်ရောက်ဖို့စာရင်းပေးသွင်းလိုသူတွေအနေနဲ့
အောက်ပါ အဆင့်နှစ်ဆင့် ဖြင့် အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။
အဆင့် ၁ - Online Register (သို့) SMS Register တစ်ခုခု တွင် စာရင်းပေးသွင်းပါ။
>>> Online Register - https://www.eventbrite.com/e/77623948319
>>> SMS Register - (စကားဝိုင်းခေါင်းစဉ်၊ အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီနာမည်နဲ့ Email လိပ်စာတွေကို 09 968 557 560 နှင့် 09 785 60 60 60 သို့ SMS ပေးပို့ပြီး အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။)
အဆင့် ၂ - ကျွန်တော်တို့ရဲ့ B2B Myanmar Application ကို
- Android >>> http://bit.ly/googleb2bmm
- IOS >>> http://bit.ly/b2bmm
တွင် ဝင်ရောက် Download ဆွဲပေးပါ။
Phone တွင် Download ဆွဲထားသည့် B2B Myanmar Application ကို ပွဲနေ့တွင် တာဝန်ရှိသူများကို ပြသပြီး ဝင်ရောက်နိုင်ပါတယ်။
အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 968 557 560 နှင့် 09 785 60 60 60 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Zipevent Myanmar