မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) မှ စင်ကာပူ နိုင်ငံတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲသို့ Automobile Technology၊ Refrigeration & Air Conditioning၊ Electrical Installation၊ Hair Dressing၊ Cooking and Restaurant Service စသည့် အလုပ်အကိုင်ဧရိယာ (၆)ခု ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်မည့် အသက် ၂၂ နှစ်အောက် ထူးချွန်လူငယ်များကို သက်ဆိုင်ရာသင်တန်းကျောင်းများနှင့် လုပ်ငန်းဌာနအလိုက် ရွေးချယ်ရမည်ဖြစ်၍ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ ( ၂၀၂၀) ကို ၂၅-၁-၂၀၂၀ ရက်နေ့မှ ၂၆-၁-၂၀၂၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ တပ်မတော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲ၌ဆက်စပ်ပစ္စည်းများဖြစ်သော မော်တော်ယာဉ်(Suzuki, Isuzu , Hyundai) အင်ဂျင်ဝိုင် ( Mobil One, Stallion, Bizol, Petronas, Rizing, Engine Cold) ဝပ်ရှော့သုံးပစ္စည်းများဖြစ်သော (KYOTO Tools, RAV, MV Tech, MMPG, S-One, AK car tools ) အဲယားကွန်းပစ္စည်းများဖြစ်သော Aircon (PSWN - Panasonic) Chigo Fresh Aircon ပရိဘောဂပစ္စည်းများဖြစ်သော Index Furniture Centuri Mattress မှ ပါဝင်ပြသသွားမှာဖြစ်သောကြောင့်လာရောက်လေ့လာကြည့်ရှုနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။
ဆက်စပ်ပစ္စည်းများပါဝင်ပြသလိုသူများ (၁၀'x၁၀') 1 booth လျှင် ၅ သိန်းဖြင့်ဝင်ရောက်ပြသနိုင်ပါသည်။
Booth ရောင်းရငွေများအား စင်ကာပူနိုင်ငံသို့သွားရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲစရိတ်အနေဖြင့်အသုံးပြုသွားမည်ဖြစ်ပါသည် ။
နေ့ရက် ၂၅-၂၆ ဇန်နဝါရီ ၂၀၂၀
နေရာ - တပ်မတော်ပြခန်း