MMEN Topic : Healthcare
Guest : Thet Naing Min Robin (Managing Director of R Square Movie Production and Grace Win Co.,Ltd)
Date/Time: 8th October (Tuesday) at 6:30pm
Venue : Signature Restaurant (Kandawgyi)
(English Translation below)
အားလုံးပဲ မင်္ဂလာပါ ။ ယခုတွေ့ဆုံပွဲသည် MMEN ၏ လုပ်ငန်းရှင်များ လစဉ် တွေ့ဆုံပွဲ ဖြစ်ပါသည်။ MMEN သည် စီးပွားရေး အကြံဥာဏ်ကောင်းများ ဖလှယ်ရန် အတူပူးပေါင်း ဆောင်ရွက်နိုင်ရန် ၀န်ထမ်းရေးရာ ငွေကြေး ဘဏ္ဍာရေးနှင့် ဥပဒေ စသည့် ကိစ္စများနှင့် ပက်သက်ပြီး အချင်းချင်း အတွေ့အကြုံများ ဖလှယ်နိုင်ရန် မြန်မာလုပ်ငန်းရှင်များ ဆက်သွယ် စုဝေးရာ နေရာ ဖြစ်သည်။ ယခုတွေ့ဆုံပွဲတွင် မိတ်ဆွေများနှင့်အတူ စားသောက် ဝိုင်းဖွဲ့ပြောဆိုနိုင်ဖို့ မျှော်လင့်ပါသည် ။
October လမှာ ပြုလုပ်မယ့် MMEN Networking Event အတွက် R Square ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Grace Win Co., Ltd တို့ရဲ့ Managing Director ဖြစ်သူ Robin Thet Naing Min ကိုဖိတ်ခေါ်ထားပါတယ်။ Robin ကတော့ အခြားလုပ်ငန်းများစွာကိုလည်း ဦးစီးနေတဲ့ Serial Entrepreneur တစ်ယောက်လည်းဖြစ်ပါတယ်။
R Square ရုပ်ရှင်ထုတ်လုပ်ရေးသည် မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ "ပွဲခံမယ်" (August 2017 မှာရုပ်တင်ခဲ့) နဲ့ "ကြေးကြီးတယ်" (Oct 2018) စတဲ့ရုပ်ရှင်ဇာတ်ကားများကိုရိုက်ကူးခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးထားတဲ့ "အမျှအမျှ"ကတော့ မင်းသမီး အိနြ္ဒာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားပြီး October လ ၃ရက်နေ့တွင် ရုပ်တင်ပြသသွားမှာဖြစ်ပါတယ်။ Robin ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအသစ် Real Bros ကလည်း "သခင်ကြီးနှင့် ငပိတို့စရာ" ရုပ်ရှင်ကို October လ ၃၁ရက်နေ့မှာ ရုံတင်သွားမှာပါ။
ရုပ်ရှင်လုပ်ငန်းမစခင်တုန်းကတော့ Robin သည် Grace Win ကုမ္ပဏီကို ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆေးဝါးများနှင့်ဆေးပစ္စည်းများကို တင်သွင်းဖြန့်ချီလျက်ရှိပါတယ်။ လက်ရှိမှာဆိုရင် ရုံးခွဲ ၄ ခု၊ ဝန်ထမ်းပေါင်း ၁၁၀ ဦးနှင့် နိုင်ငံအနှံ့အပြား ဆေးဝါးပစ္စည်းများဖြန့်ချီနေပါတယ်။
Robin သည် ကုန်ထုတ်လုပ်ငန်းအချို့ကိုလည်း ဦးစီးနေပါတယ်။ သူ၏ကုမ္ပဏီဖြစ်တဲ့ Golden Can ကတော့ Shark energy drink၊ နို့ဆီ၊ နို့စိမ်း၊ ဆာဒင်းငါးသေတ္တာနှင့် အသီးများထည့်သည့်ဘူး စသည်တို့အတွက် ဘူးအမျိုးမျိုးကိုထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Y&R Souvenirs ကတော့ အမှတ်တရသံလိုက်ပစ္စည်းလေးများနှင့် အခြားအမှတ်တရပစ္စည်းများကို ပြုလုပ်ရောင်းချပေးတယ်။ ဒါတင်မကသေးပါဘူး။ စားသောက်ကုန်လုပ်ငန်းအထိလည်း တိုးချဲ့ထားပါသေးတယ်။ ၂၀၁၁ ခုနှစ်တွင် The Street Bar ကို စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အင်းယားလမ်းမှာရှိတဲ့ GTR Bar ကို ဖွင့်လှစ်ခဲ့ပါတယ်။ Robin သည် Laundary service app "Dhobi.co" နှင့် အွန်လိုင်း motivational platform facebook page၊ Mobile app နှင့် website "Bawa101"ရဲ့ co-founder လည်းဖြစ်ပါတယ်။
For first time members, MMEN is a platform for fellow entrepreneurs and investors to gather, share ideas on doing business in Myanmar, learn from each other on key areas (e.g HR, Financing, law) or even possibly form partnership! This is held on the first Tuesday of every month. There is no entrance fee and you pay for whatever food or drinks you order. Bring your friends along for a night of good conversation and good food and we do look forward to seeing you all there!
For October MMEN, Robin Thet Naing Min, from R Square Movie Production and Grace Win Co., Ltd. will be the featured guest. He is also a serial entrepreneur with many other businesses.
R Square Movie was behind the production of the commercially successful film Pwal Khan Mal ‘ပွဲခံမယ်' (released in Aug 2017) and Kyay Kyi Tal ‘ကြေးကြီးတယ်' (released on Oct 2018). His latest movie, Amhya Amhya ‘အမျှ အမျှ' featuring Endrain Kyaw Zin will be releasing on 3rd Oct 2019. His new production company, Real Bros, will also be releasing a new movie ‘သခင်ကြီးနှင့် ငပိတို့စရာ' in October 31st.
Before venturing into movie productions, he founded Grace Win in 2011 and is the distributor for many interntional pharmaceutical brands. Today, the company has a nationwide distribution network with 4 offices and 110 employees.
Robin is also involved in the manufacturing sector. His company, Golden Can, manufacture cans for Shark Energy drink, condensed milk, evaporated milk, sardine and fruits. A separate entity Y&R Souvenirs makes and distributes resin magnets and souvenirs of Myanmar.
He also had prior experiences in F&B with The Street Bar, a Theme Bar at Mya Nyeik Nyo in 2011 and GTR Bar, an entertainment music club at Inya Lake hotel in 2012.
He is also the co-founder of the facebook page Bawa101, a motivational online app, page and website with over 500k followers and Dhobi.co, a Laundry Service App.
If you are interested in the healthcare business, this is a great chance to speak with an entrepreneur in this area. He WILL NOT BE GIVING ANY PRESENTATION but you are free to speak with them directly. Besides, you can also meet other entrepreneurs!
MMEN လစဉ်တွေ့ဆုံပွဲများနှင့် ပက်သက်ပြီး မေးခွန်းအချို့(FAQs)ကို အောက်တွင် ဖြေဆိုပေး ထားပါသည်။
Q. လစဉ်တွေ့ဆုံပွဲ နေရာသို့ လမ်းညွန်ပေးပါ။
A. ကား၊ Bus ကား သို့မဟုတ် ခြေကျင်ဖြင့် လစဉ်တွေ့ဆုံပွဲကို လာရောက်နိုင်ရန် အောက်တွင် အသေးစိတ် လမ်းညွန်ပေးထားပါသည်။
Q. တွေ့ဆုံပွဲတွင် အခြားသူများကို မရင်းနှီးဘဲ ရောက်ခဲ့ရင် အဆင်ပြေပါ့မလား ။
A. Signature ရောက်လျှင် တွေ့သည့် မည်သူ့မဆို မိတ်ဆက်ကာ “MMENကို လာတာလား“ လို့သာ မေးလိုက်ပါ။ တွေ့သည့် အမေးခံရသည့် လူအတော်များများသည် MMEN သို့ လာသူ ဖြစ်ဖို့ များပါသည်။ ထို့အပြင် Organiser များ (Thet Zin & TH) က ဖိတ်ထားတာ ဖြစ်လို့ Organiser များကို မြင်လျှင်လည်း ခေါ်ပြော နှုတ်ဆက်နိုင်ပါသည်။
Q. တွေ့ဆုံပွဲ၏ အစီအစဉ်များ(Agenda)ကို သိလိုပါသည်။
A. တွေ့ဆုံပွဲတွင် အစီအစဉ်များ(Agenda) မထည့်ထားပါ ။ အေးအေးဆေးဆေး တွေ့ဆုံ နှုတ်ဆက်ပြီး ကော်ဖီ အတူသောက်ကာ စကားပြောနိုင်ရန်သာ စီစဉ်ထားပါသည်။
Q. လုပ်ငန်းရှင် မဟုတ်ဘဲ ကျောင်းသား၊ ကိုယ်ပိုင်လုပ်ငန်း လုပ်လိုသူ၊ အစိုးရ ဝန်ထမ်း၊ Company ဝန်ထမ်းများ လာရောက်နိုင်ပါသလား။
A. စိတ်ဝင်စားသူတိုင်းကို လာရောက်ဖို့ ဖိတ်ခေါ်ပါသည်။
Signature Fine Dining သို့ ဆိုင်နေရာ မြေပုံလမ်းညွန် : https://goo.gl/maps/fwUcyggA7w92
ကားမောင်းလာတယ်ဆိုလျှင် ကန်တော်ကြီးဝန်းထဲမှာ ဖြစ်လို့ ပါကင်နေရာ ပေါများပြီး ပါကင်ကြေး ဝင်ကြေး မရှိပါဘူး ။ တက်စီငှားလာမည် ဆိုရင် ယာဉ်မောင်းကို ဦးထောင်ဘိုအဝိုင်းနားက ကန်ပတ်လမ်းမှာ ရှိတဲ့ Signature စားသောက်ဆိုင်လို့ လမ်းညွန်နိုင်ပါသည် ။ ဘတ်စ်ကားနှင့် ဆိုလျှင် ဗပာန်း ၃ လမ်း မှတ်တိုင်မှ ဆိုင်သို့ ၅ မိနစ်လောက်သာ လမ်းလျှောက်ရမှာ ဖြစ်ပါသည် ။
For your benefit, here are some Frequently Asked Questions:
Q. How do I get to the location?
A. Please read all the instructions below. Driving and walking and public transport instructions are as below.
Q. How do I know who in the cafe are coming for MMEN?
A. Just ask anyone you see in the Signature Restaurant "are you here for the MMEN meetup?", the odds are that they are. Of course, if you can recognize us, you can come by and we will be happy to have a chat with you.
Q. What is the agenda of this monthly Myanmar Entrepreneur gathering?
A. There is no agenda. It is a free-and-easy meet-and-greet coffee session.
Q. Why am I FORCED to buy a drink and/or food?
A. You are not forced to buy a drink here. As there is NO CHARGE from the MMEN for you to attend the event. We do ask that you buy at least a drink from the cafe.
Q. I am not an entrepreneur/I am a student/I am thinking of becoming an entrepreneur/I am a government worker/I am a corporate worker/etc. Am I still allowed/able to come for the event?
A. Sure!
DIRECTIONS TO SIGNATURE FINE DINNING AND GARDEN BISTRO
Map of Signature Restaurant: https://goo.gl/maps/fwUcyggA7w92
For those driving, parking is abundant at Kandawgyi area around Signature Restaurant and there is no charge.
For those taking taxi, please tell the Taxi Driver that it is Signature Restaurant on Kan Yeik Tha Road besides U Htaung Bo Roundabout.
For those taking bus, please align at the "Bahan 3rd Street" bus stop. Signature is a short 5 minutes walk from the bus stop.