ဟယ်လို Milestones တို့ရေ
မင်္ဂလာပါ ✋🏻✋🏻✋🏻
မောင်ချို့ရဲ့ မွေးနေ့ပွဲ အစီအစဉ်လေးကို အားလုံးပဲသိကြပြီးဖြစ်မှာပါနော် ...
မတွေ့ရတာလည်းကြာပြီဆိုတော့ ...
ဒီနှစ်မွေးနေ့လေးမှာ ချစ်ရတဲ့ Milestones လေးတွေနဲ့အတူတူ သီချင်းဆိုရင်း၊ ပျော်စရာ အစီအစဉ်လေးတွေနဲ့ ဖြတ်သန်းချင်ပါတယ် ...
ဒါကြောင့် Event invitation လေးလုပ်ပြီး မောင်ချို့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေအားလုံး မောင်ချို့ရဲ့ အသက် ၂၀ တိတိပြည့်မယ့် မွေးနေ့ပွဲလေးကို တက်ရောက်ချီးမြှင့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ် ...
မောင်ချို့ကို ဒီနေ့ ဒီချိန်အထိ မိသားစုရင်းချာလို ချစ်ခင်ပေးကြတဲ့ Milestones တွေကို အရမ်းလည်း ကျေးဇူးတင်ပါတယ် 🙏🏻
အမြဲတမ်းမောင်ချို့ကို မျက်နှာမငယ်အောင်ထားပေးတဲ့ Milestones လေးတွေပါ အရမ်းချစ်ပါတယ်ဗျာ ❤️❤️❤️
တစ်နှစ်တာ ကာလအတွင်းမှာ Milestones တွေရဲ့ အားပေးမှုကြောင့် ဒီနေရာကိုရောက်လာခဲ့တာပါ ...
သီချင်းတောင်း အစီအစဉ်တွေမှာလည်း အချိန်ပေးပြီး တကူးတက သီချင်းတောင်းပေးကြတဲ့ Milestones လေးတွေကို ထပ်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ❤️❤️❤️
မောင်ချိုပွဲတွေဆိုရင်းနဲ့ ရောက်ဖူးတဲ့ အနယ်နယ်အရပ်ရပ်က Milestones လေးတွေရော မောင်ချို့ကိုသိပြီး မောင်ချိုကမသိသေးတဲ့ အနယ်နယ်အရပ်ရပ်က Milestones လေးတွေအားလုံးနဲ့ အတူတူရင်းရင်းနှီးနှီးတွေ့ဆုံချင်ပါတယ် ... ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆိုပြချင်ပါတယ် ... မနှစ်ကလို Game တွေဆော့ချင်ပါတယ်နော့် 😇😇😇
ကဲ မွေးနေ့ပွဲကိုလာမယ်ဆိုရင် အားလုံးပဲ going နှိပ်လို့ရပါပြီဗျာ ❤️❤️❤️
ဆုံကြဆုံထွန်း 😘😘😘
Zipevent Myanmar