6th Myanmar Food Expo Zipevent

6th Myanmar Food Expo

14 - 16 Feb 2020
09:00 - 17:00 (UTC+7)
Myanmar Expo Hall

Event Information



ဒါ့အပြင် ပြည်တွင်း၊ ပြည်ပထုတ်နာမည်ကြီးတံဆိပ် စားသောက်ကုန်မျိုးစုံကို Promotion လုပ်ပြီး အထူးလျော့ဈေးနဲ့ လက်ဆောင်တွေပေးပြီးလည်းရောင်းချပေးမည့်အပြင် ကံစမ်းမဲဖောက်မယ့် အစီစဉ်တွေလည်းရှိပါတယ်…



Unicode

(၆)ကြိမ်မြောက် ကျင်းပပြုလုပ်မည့် အကြီးမားဆုံး မြန်မာ့စားသောက်ကုန်စည်ပြပွဲကြီးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ သာကေတမြို့နယ်ရှိ Myanmar Expo @ Fortune Plaza တွင် နေ့စဉ် နံနက် (၉:၀၀) နာရီ မှ (၅:၀၀)နာရီအထိ ခမ်းနားစွာကျင်းပသွားမှာပဲဖြစ်ပါတယ်…

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဆင့်မီစားသောက်ကုန်များကို အများပြည်သူတွေလည်း ကြည့်ရှုလေ့လာနိုင်ပြီး လုပ်ငန်းရှင်အချင်းချင်း အပြန်အလှန် စီးပွားရေးဆက်သွယ်မှုရရှိနိုင်ရန်၊ နည်းပညာနဲ့ ခေတ်မှီစက်ကိရိယာတွေကို လေ့လာပြီး ထုတ်လုပ်မှုစံချိန်၊စံနှုန်းမြင့်မားစေဖို့ ရည်ရွယ်ချက်တွေနဲ့ ပြသမှာပဲဖြစ်ပါတယ်…

ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းစင်ကြယ်တဲ့ စားသောက်ကုန်များကို ရွေးချယ်စားသုံးနိုင်မည့် အခွင့်ရေးများလည်း ရရှိမှာဖြစ်ပါတယ်…
ဒါ့အပြင် ပြည်တွင်း၊ ပြည်ပထုတ်နာမည်ကြီးတံဆိပ် စားသောက်ကုန်မျိူးစုံကို Promotion လုပ်ပြီး အထူးလျော့ဈေးနဲ့ လက်ဆောင်တွေပေးပြီးလည်းရောင်းချပေးမည့်အပြင် ကံစမ်းမဲဖောက်မယ့် အစီစဉ်တွေလည်းရှိပါတယ်…

ပြပွဲ၏ ဒုတိယရက်တွင်လည်း စားသောက်ကုန်လုပ်ငန်းစတင်လုပ်ကိုင်မည့် လူငယ်လုပ်ငန်းရှင်အသစ်များအတွက် လိုအပ်သော အစားသောက်ထုတ်လုပ်ရာကွင်းဆက် (Food Supply Chain) တလျှောက်သိမှတ်ဖွယ်ရာများ၊ ဘေးအန္တရာယ်ကင်းပြီး အရည်သွေးပြည့်မှီသော သညးသောက်ကုန်များထုတ်လုပ်နိုင်ရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် မြန်မာ့စားသောက်ကုန်အရည်အသွေး ထိန်းသိမ်းရေးအခြေခံအဆောက်အအုံ စနစ်များအား အသိပညာပေးရှင်းလင်းပြောကြားခြင်းများကို ၁၅-၂-၂၀၂၀ ရက်နေ့ (၁၀:၀၀)နာရီ မှ (၄:၀၀)နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို (ဝင်ကြေးအခမဲ့) နှင့်တက်ရောက်နိုင်ပါတယ်…

လုပ်ငန်းရှင်များအနေနှင့်လည်း လုပ်ငန်းလိုအပ်ချက်များကို အချိန်အတိုအတွင်းသိရှိနိုင်မှာ ဖြစ်ပါသဖြင့် လက်လွှတ်မခံသင့်တဲ့ ပွဲဖြစ်ပါတယ်…
အားလုံးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…v

Location Details

Myanmar Expo Hall
Location

Fortune Plaza, Corner of minanda road and Thumana Road, Thaketa, Yangon, 11231 Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.