ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် "UMFCCI Centennial International Expo 2019" ကို စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza (Myanmar Expo) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အများပြည်သူ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် အတွေ့အကြုံ ရင့်ကျက်သည့် ဆရာကြီးများဖြစ်သည့် ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ Myanmar Business Network on Sustainable Development ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၂း၀၀ နာရီတွင် လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာတင်ဝင်းမှ Economic Development Initiatives in Myanmar ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် လည်းကောင်း ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။
Fortune Plaza, Corner of Minanda Road and, Thumana Rd, Yangon 11231, Myanmar (Burma) Yangon, 11231 Myanmar
Zipevent Myanmar