World's #1 Executive Coach ဖြစ်သူ Dr. Marshall Goldsmith ကိုယ်တိုင် လာရောက်ဟောပြောမယ့် Myanmar Leadership & Coaching Summit 2019 ပွဲကြီးကို မြန်မာနိုင်ငံရဲ့ ပထမဆုံး Coaching Firm ဖြစ်တဲ့ Breakthrough Coaching, Training & Consulting ကနေ ဂုဏ်ယူစွာနဲ့ ကျင်းပမှာ ဖြစ်ပါတယ်။
အဆိုပါပွဲမှာ Asia's #1 Executive Coach ဖြစ်သူ Dr. Peter Chee လည်း ပါဝင်ဟောပြောမှာဖြစ်ပြီးတော့ Myanmar's #1 ဖြစ်သူ U Naing Win Aung နှင့် Honorable Speaker အဖြစ် လေးစားရပါသော ဆရာကြီး Prof; Dr. Aung Tun Thet လည်း ပါဝင်ဟောပြောကြမှာ ဖြစ်ပါတယ်။ သင်ကြားမှု သင်ယူမှု အထောက်အပံ့ဖြစ်စေဖို့အတွက် မြန်မာဘာသာကို ပြန်ဆိုပေးသွားမှာလည်း ဖြစ်ပါတယ်။
အဆိုပါ Myanmar Leadership & Coaching Summit 2019 ပွဲကြီးကို လာမယ့် အောက်တိုဘာလ ၂၆၊ ၂၇ ရက်တွေမှာ ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်းဟိုတယ် (Grand Ballroom) မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လက်မှတ်များအနေနဲ့ Silver Ticket (250,000 Ks) ဖြင့် ၀ယ်ယူအားပေးနိုင်ပါတယ်။ Gold Ticket ၊ Diamond Ticket နဲ့ Platinum Ticket တွေလည်း ရှိပါတယ်။ စိတ်ဝင်စားသူများအနေဖြင့် Breakthrough Coaching, Training & Consulting ရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ 09 765 222 104, 09 765 222 105, 09 765 222 106 တို့ကို ဆက်သွယ်ပြီး ၀ယ်ယူအားပေးနိုင်ကြပါတယ်။