Event Information

"နိုင်ငံတကာပညာသင်ဆုလျှောက်ထားရာမှာမဖြစ်မနေ
သိရှိထားသင့်သည့်အရာများ"
■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■ ■
[Limited Seat: March 14, 2020, http://bit.ly/crownmasterclass]
.
❑ ယူကေ၊ယူအက်စ်၊ကနေဒါ၊သြစတြေးလျ၊ဆွစ်ဇာလန်၊ဂျပန်၊ကိုရီးယား၊စင်္ကာပူ၊ထိုင်းအစရှိတဲ့ နိုင်ငံတွေက ပညာသင်ဆုတွေလျှောက်ထားကြတဲ့အခါ Statement of Purpose, Essay, Letter of Motivation, Personal Statement, CV/Resume, Copies of Academic Transcripts, Standardized Test Scores, Exam Test Interviewဖြေဆိုတင်ပြရလေ့ရှိပါတယ်။
.
❑ ဖော်ပြပါ လိုအပ်ချက်တွေကို မြန်မာကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဘယ်နိုင်ငံ/တက္ကသိုလ်ရဲ့ ဘယ်လိုပညာသင်ဆုမျိုးကိုလျှောက်ထားမယ်ဆိုရင် ဘယ်ကနေစပြီးပြင်ဆင်ရမယ်ဆိုတာကို တိတိကျကျ သိရှိပြင်ဆင်နိုင်ဖို့ လာမယ့် မတ်လ (၁၄)ရက်နေ့ CROWN Education ရန်ကုန်မြို့မှာ တစ်ရက်တာအခမဲ့သင်ကြားပေးသွားဖို့ရှိပါတယ်။
.
အဆိုပါ သင်တန်းတွင် -

❑ (၂ဝ၁၆) ခုနှစ် New Zealand နိုင်ငံမှချီးမြှင့်သည့် NZAid ASEAN Scholarshipကို ဆွတ်ခူးကာ Auckland မြို့တွင် Master of Educational Leadership & Management ဆက်လက်တက်ရောက်ခဲ့ပြီး အခုအခါ CROWN Education & Royal Academic Instituteတွင် Director of Studiesအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ မပွင့်နီအောင်
.
❑ Australian Awards Scholarshipဖြင့် သြစတြေးလျနိုင်ငံ University of Queenslandတွင် Master of Educational Studiesတက်ရောက်သင်ကြားခဲ့သည့် ဆရာမ မကြူးလဲ့သူတို့မှ Scholarshipပြင်ဆင်လျှောက်ထားရာမှာလိုအပ်တဲ့အချက်တွေကို ပြောကြားပေးသွားမှာဖြစ်သလို
.
❑ နိုင်ငံတကာတက္ကသိုလ်/ကောလိပ်တွေလျှောက်ထားတဲ့အခါ လိုအပ်တဲ့ ပညာရေးဆိုင်ရာအချက်အလက်များ၊ဘဏ္ဍာရေးနှင့် ဗီဇာလျှောက်ထားခြင်းဆိုင်ရာကိစ္စများ၊ နိုင်ငံတကာပညာသင်အခွင့်အလမ်းများအကြောင်းကိုပါ မကျော့မွန်သာ (General Manager, CROWN Education)မှ ပြည့်ပြည့်စုံစုံဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
.
❑ အမှန်တကယ်စိတ်ဝင်စားသူများ ထိုင်ခုံနေရာအခက်အခဲမဖြစ်အောင် ကြိုတင်စာရင်းပေးပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
.
■ နေ့ရက် - မတ်လ (၁၄)ရက်၊ ၂ဝ၂ဝ ၊စနေနေ့။

■ အချိန် - မနက် (၁ဝ:ဝဝ)နာရီ မှ (၁၂:ဝဝ) နာရီ

■ နေရာ - CROWN Education Yangon အမှတ် ၂၇၅၊ Red Hill Tower၊ ၃လွှာ၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း (ကားများအဆင်ပြေပြေရပ်နားရန် ကားပါကင်လုံလောက်စွာရှိပါသည်)
.
■ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းရန်
http://bit.ly/crownmasterclass
.
■ ဖုန်းဖြင့်စာရင်းပေးသွင်းရန်
✆ 09 977 977 200, 09 44 55 66 701~2


Location Details

CROWN Education
Location

No 275, Pyay Road, KBZ Tower, 3rd Floor, Yangon, 11111 Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.