Student Festival 2020 ✨
မင်္ဂလာပါရှင် ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်များကတည်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတဲ့ ကျောင်းသားပွဲတော်ကြီးကတော့ အေးမြတဲ့ ဆောင်းလေပြေညင်းတွေနဲ့အတူ တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပါပြီ ❄️
ကျောင်းသားပွဲတော်ဆိုတာ ဘာလဲ ဘယ်လဲ ?
ငြိမ်းချမ်းရေး ချစ်ကြည်ရေးနဲ့ အမျိုးသားယဉ်ကျေးမှုမြှင့်တင်ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဦးတည်ပြီး တက္ကသိုလ်ကျောင်းသား လူငယ်တိုင်း ပါဝင်ဆင်နွှဲခွင့်ရှိတဲ့ အစဉ်အလာကြီးမားတဲ့ ပွဲကြီးပဲဖြစ်ပါတယ်
ဒီပွဲကြီးကိုတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နဲ့ ၁၄ရက်နေ့တွေမှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ် တစ်ခြားပွဲတွေနဲ့မတူပဲ ထူးခြားတဲ့ အချက်ကတော့ အပူဒဏ်လွတ်ကင်းပြီး ကျောင်းသားအများစု အားလပ်ချိန်ဖြစ်တဲ့ ညနေပိုင်းတွေမှာကျင်းပသွားမှာဖြစ်လို့ ရောင်စုံမီးအလှတွေနဲ့ ဆောင်းအငွေ့အသက်တွေကိုအပြည့်အဝခံစားရင်း သူငယ်ချင်း မိတ်ဆွေ အသစ်တွေလည်း တိုးနိူင်မယ့် ပွဲကြီးပါနော်
နောက်ထပ်ထူးခြားတဲ့အစီအစဉ်လေးကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ မောင်မယ် selection လေးများကိုပါပွဲထုတ်အုံးမှာဖြစ်လို့ တစ်ခါတည်း ငမ်း ( အဲလေ) vote ပေးပြီး support နိူင်မယ့်အခွင့်အရေးပါပဲလို့ 💙
သူ့ချည်းသာလော ?
No no နိူင်ငံကျော် အနုပညာရှင်တွေ ၊ရန်ကုန်တက္ကသိုလ်အခြေပြု တိုင်းရင်းသားမိသားစုတွေ ရဲ့ သီဆိုဖြေဖျော်မှု အကအလှတွေအပါအဝင် အခြားအခြားသော entertainment အစီအစဉ်များစွာအပြင် 🤩
မြင်တာနဲ့အပြေးဓာတ်ဖမ်းချင်လောက်တဲ့ အပြင်အဆင်တွေနဲ့ special themed photo booth တွေရယ် 📸
အစားတစ်လိုင်းတို့အတွက် night market ဆန်ဆန် မုန့်စျေးတန်းကြီးကလည်းရှိနေအုံးမှာပါ🍡🥤
ပွဲတော်ကြီးကို ၂ ရက်ကျင်းပမှာဆိုပေမယ့် တနေ့တမျိုး မရိုးရအောင်တင်ဆက်ပေးမယ့် Artists တွေအပြင် အခြား ရင်ခုန်စိတ်လှုပ်ရှားစရာ Game activities များစွာလည်းပါဝင်အုံးမှာဖြစ်လို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကြီး ကဲလို့ရမယ့်ပွဲတော်ကြီးပါပဲနော်
ပွဲတော်ကျင်းပသွားမယ့်အချိန်ကလည်း ည ၇ နာရီ ထိဆိုတော့ ဘယ်သူတွေနဲ့ပဲလာလာ ရောင်စုံမီးရောင်တွေကြား လူငယ်အငွေ့အသက်တွေနဲ့ အရမ်းပျော်ဖို့ကောင်းမယ့်ပွဲတော်ကြီးတစ်ခုပါပဲ။ဝင်ကြေးကလည်း ၂၀၀၀ ကျပ်တည်းဆိုတော့ ၁နှစ်မှ တစ်ခါပဲ ကျင်းပတဲ့ ပွဲတော်ကြီးကို လက်လွတ်မခံပဲ သူငယ်ချင်းတွေစုပြီး အမှတ်တရတွေလာဖန်တီးကြဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ရပါတယ်🎊🎊
အသေးစိတ်အစီအစဉ်တွေနဲ့ ပါဝင်မယ့် Artist တွေကိုလည်း နောက်ရက်တွေမှာ ကြေညာပေးသွားအုံးမှာဖြစ်လို့ page လေးကို like & share လုပ်ထားဖို့လည်းမမေ့နဲ့နော် 🌟🌟
📅 - (13-14) January 2020
⏰ - 2PM - 7PM
⛳ - University of Yangon
#StudentFestival
#ရန်ကုန်တက္ကသိုလ်ကျောင်းသားပွဲတော်
#2020
Zipevent Myanmar