Yangon Digital Job Expo together with Career Conference 2020 Zipevent

Yangon Digital Job Expo together with Career Conference 2020

14 Mar 2020
09:00 - 17:00 (UTC+7)
LOTTE HOTEL YANGON

Event Information

သင့် ဖုန်းထဲ မှာ စီဗီတစ်စောင် ရှိရုံနဲ့ အလုပ်အကိုင်ပေါင်း ၄၀၀၀ ကျော်ကို တစ်နေရာတည်း လွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်မယ့် အပြင် အလုပ်ခန့်ထားမယ့် ထိပ်တန်း ကုမ္ပဏီ ၅၀ ကျော် နဲ့ တိုက်ရိုက် စကားပြောနိုင်မယ့် မြန်မာ႔အကြီးမားဆုံး နဲ့ ပထမဆုံး ရန်ကုန် ဒီဂျစ်တယ် အလုပ်အကိုင် ပြပွဲ ၂၀၂၀ ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ ဒီပွဲကြီးကို လာမယ့် မတ်လ ၁၄ ရက် ( စနေနေ့) ၂၀၂၀ မှာ ၆ မိုင်ခွဲ၊ ပြည်လမ်းမပေါ်က LOTTE HOTEL YANGON မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမှာပါ။ အခမဲ့ အလုပ်တွေ လျှောက်ရင်းနဲ ကိုယ့် Career Development အတွက် Career Conference 2020 ကို တပါတည်း ကျင်းပမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ အခွင့်အရေး နော် ။

စီဗီကို ဒီဂျီတယ်ဗားရှင်းဘယ်လို ပြောင်းရမလဲ ဆိုတာစိတ်မပူပါနဲ့။ ကွန်ပျူတာ အလုံးနှစ်ဆယ်ကျော်နဲ့ စီဗီတင်ဖို့အကူအညီပေးမယ့် CV Help Desk တွေအပြင် ဘယ်လိုအလုပ်တွေလျှောက် ရမယ်ဆိုတာကို ပါ အကြံပြုဖို့အဆင်သင့် စောင့်နေမှာပါ။ ဒီဂျီတယ်အလုပ်ကိုင်ပြပွဲဖြစ်တာကြောင့် အင်တာနက်က ချိတ်ပြီးတော့ တန်းလျောက်နိုင်အောင် မြန်နှုန်း မြင့်အင်တာနက်လိုင်းတစ်လိုင်းကို အလုပ်အကိုင်ပြပွဲအတွင်း အခမဲ့ Free WiFi အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ဒီပွဲမှာအလုပ် လျှောက်ဖို့ပဲဖြစ်ဖြစ် အလုပ်ရသွားတာဖြစ်ဖြစ် ဘယ်လိုဝန်ဆောင်ခမှ ပေးစရာမလိုပါဘူး။

ထူးထူးခြားခြား အနေဖြင့် အလုပ်အကိုင် ပြပွဲလာပြီး Photo Booth မှာ ဓါတ်ပုံရိုက်ရုံနဲ့ ဆုငွေတွေ ရနိုင်မယ့် အပြင် တခြား ဆုလက်ဆောင်များပါ ပေးသွားမှာ ဖြစ်လို့ update သတင်းအချက်အလက်တွေ သိရဖို့ Facebook Event ကိုနှိပ်ပြီး Going နှိပ်ထားလိုက်ပါ။

Location Details

LOTTE HOTEL YANGON
Location

No. 82, Sin Phyu Shin Avenue, Pyay Road, 6½ Mile, Ward 11, Hlainv Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.