THE INSPIRATION -WYNE LAY SOLO CONCERT Zipevent

THE INSPIRATION -WYNE LAY SOLO CONCERT

15 Feb 2020
17:00 - 23:00 (UTC+7)
Times City Yangon

Event Information

ချစ်ရတဲ့ ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါရှင်

ဝိုင်းလေး ရဲ့ ဘ၀မှတ်တိုင်အဖြစ် ပထမဦးဆုံးအနေနဲ့ ကျင်းပပြုလုပ်မဲ့ ဝိုင်းလေးရဲ့ ဂီတသက်တမ်း ဖြတ်ကျော်မှုအတွက်
အိပ်မက်တစ်ခုဖြစ်တဲ့ “တကိုယ်တော် ဖျော်ဖြေပွဲ” “THE INSPIRATION-SOLO CONCERT” ကို လာမဲ့ ဖေဖော်ဝါရီ လ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) ရန်ကုန်မြို့ TIMES CITY OUTDOOR AREA မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရင်ခုန်စွာ ဖြင့်အသိပေးအပ်ပါတယ်ရှင်....။🙏🏼

၂၀၁၃ ခုနှစ် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲအစီစဉ်မှ ကောင်မလေးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့ အဆိုတော် ဘ၀ ဂီတလောကကို ခြေလှမ်းခွင့်ပေးခဲ့တဲ့ ချစ်ပရိတ်သတ်များအားလုံးအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုတစ်ခုဖြစ်စေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။🙏🏼

ဒီပွဲကြီးဖြစ်လာဖို့အရမ်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး အားလုံးရဲ့ ချစ်ခင် ပံ့ပိုးမှုတွေကြောင့် “ဝိုင်းလေး”ဆိုတဲ့ အဆိုတော် ဖြစ်လာရတာဖြစ်ပါတယ်။🙏🏼

✍🏼ပွဲရဲ့ Concept ဖြစ်တဲ့ “THE INSPIRATION” ဆိုတဲ့အတိုင်း ဒီပွဲကြီးမှာ ဝိုင်းလေးရဲ့ ဘ၀တစ်ခုလုံးမှာ လွှမ်းမိုးခဲ့တဲ့ အရာအားလုံးကိုဒီညမှာ ထုတ်ဖော် တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။☝🏻
👏🏼ဒီပွဲ အတွက် ပြင်ဆင်မှုတွေနဲ့ ထူးခြားခမ်းနားတဲ့ တင်ဆက်မှုတွေ အတွက် အချိန်တစ်နှစ်တာ ကြာမြင့်ခဲ့ပြီး ဒီရက် မှာ အကောင်ထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။👏🏼

❗️FREE SHOW အဖြစ် ကျင်းပသွားမှာ ဖြစ်တဲ့အတွက် ဝိုင်းလေးရဲ့ ပရိတ်သတ်များအားလုံး လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ တက်ရောက်နိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ပြီး
ဒီပွဲနဲ့ ပတ်သတ်တဲ့အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ပေးဖို့ ပြောကြားရင်း ချစ်ပရိတ်သတ်များအားလုံးကိုရင်ခုန်စွာ အသိပေးလိုက်ရပါတယ်ရှင်။

ဝိုင်းလေး (Since အိပ်မက်ဆုံရာ)

(Unicode)
ချစ်ရတဲ့ ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါရှင်

ဝိုင်းလေး ရဲ့ ဘဝမှတ်တိုင်အဖြစ် ပထမဦးဆုံး အနေနဲ့ ကျင်းပပြုလုပ်မဲ့ ဝိုင်းလေးရဲ့ ဂီတသက်တမ်း ဖြတ်ကျော်မှုအတွက်

အိပ်မက်တစ်ခုဖြစ်တဲ့ “တကိုယ်တော် ဖျော်ဖြေပွဲ” “THE INSPIRATION-SOLO CONCERT” ကို လာမဲ့ ဖေဖော်ဝါရီ လ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) ရန်ကုန်မြို့ TIMES CITY OUTDOOR AREA မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရင်ခုန်စွာ ဖြင့်အသိပေးအပ်ပါတယ်ရှင်....။

၂၀၁၃ ခုနှစ် အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲအစီစဉ်မှ ကောင်မလေးတစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့ အဆိုတော် ဘဝ ဂီတလောကကို ခြေလှမ်းခွင့်ပေးခဲ့တဲ့ ချစ်ပရိတ်သတ်များအားလုံးအတွက် ထိုက်တန်တဲ့ ပေးဆပ်မှု တစ်ခုဖြစ်စေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဒီပွဲကြီးဖြစ်လာဖို့ အရမ်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး အားလုံးရဲ့ ချစ်ခင် ပံ့ပိုးမှုတွေကြောင့် “ဝိုင်းလေး”ဆိုတဲ့ အဆိုတော် ဖြစ်လာရတာဖြစ်ပါတယ်။

ပွဲရဲ့ Concept ဖြစ်တဲ့ “THE INSPIRATION” ဆိုတဲ့အတိုင်း ဒီပွဲကြီးမှာ ဝိုင်းလေးရဲ့ ဘဝတစ်ခုလုံးမှာ လွှမ်းမိုးခဲ့တဲ့ အရာအားလုံးကို ဒီညမှာ ထုတ်ဖော် တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။
ဒီပွဲ အတွက် ပြင်ဆင်မှု တွေနဲ့ ထူးခြားခမ်းနားတဲ့ တင်ဆက်မှုတွေ အတွက် အချိန်တစ်နှစ်တာ ကြာမြင့်ခဲ့ပြီး ဒီရက် မှာ အကောင်ထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။

FREE SHOW အဖြစ် ကျင်းပသွားမှာ ဖြစ်တဲ့အတွက် ဝိုင်းလေးရဲ့ ပရိတ်သတ်များအားလုံး လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ တက်ရောက်နိုင်ဖို့ စီစဉ်ထားခြင်းဖြစ်ပြီး

ဒီပွဲနဲ့ ပတ်သတ်တဲ့အသေးစိတ်ကို ဆက်လက်စောင့်ကြည့်ပေးဖို့ ပြောကြားရင်း ချစ်ပရိတ်သတ်များအားလုံးကို ရင်ခုန်စွာ အသိပေးလိုက်ရပါတယ်ရှင်။

ဝိုင်းလေး (Since အိပ်မက်ဆုံရာ)

Location Details

Times City Yangon
Location

Hanthawaddy Road, Yangon, 11041 Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.