ဒီတစ်ခေါက် #FC နဲ့ Myanmar Deitta ကလုပ်မယ့်ပွဲက နည်းနည်းထူးခြားတယ်။ #FC ဆိုပေမယ့် Street Photography သီးသန့်တော့မဟုတ်ဘူး။ Photography နဲ့ ပတ်သက်တယ်ဆို ပိုမှန်လိမ့်မယ်။ အကြောင်းအရာက ယေဘူယျဆန်တာကြောင့်လဲ ပါပါလိမ့်မယ်။ Street Photography သမားမှမဟုတ်ဘူး၊ Landscape သမားလည်းရတယ်၊ Portrait သမားလည်းရတယ်၊ Documentary၊ Fine Art ခင်ဗျားဘာပဲရိုက်ရိုက် လာရောက်နားထောင်ဆွေးနွေးလို့ရပါတယ်လို့ တင်ကူး အသိပေးပါရစေ။
ခင်ဗျားပဲဖြစ်ဖြစ် ကျနော်ပဲဖြစ်ဖြစ် စလေ့လာပြီဆိုကတည်းက စု၊ တု၊ ပြု နဲ့ စခဲ့ရတာချည်းပဲ။ Good artists copy, great artists steal ဆိုပြီး ပီကာဆိုတောင် ဆိုခဲ့သေးတာပဲဆိုပြီး မတရားတုလို့တော့မရဘူး။ ဆိုတော့ ကျနော်တို့ ဘယ်လိုလေ့လာပြီး ဘယ်လောက်ထိ တုပကြမလဲ။ ဒီအပိုင်းက အရေးကြီးပါတယ်။ တုတာကနေ ပုံတူကူးချတာဖြစ်မသွားဖို့ ကျွန်တော်တို့ ကြိုးစားဖို့လိုပါတယ်။ လူတစ်ယောက်ရိုက်လို့ လူကြိုက်များသွားတာနဲ့ အဲ့ပုံစံအတိုင်းလိုက်ရိုက်ရုံနဲ့ ကျွန်တော်တို့ ကိုယ်ပိုင်အနုပညာမဖြစ်လာနိုင်ပါဘူး။
နောက်တစ်ခုက ကျွန်တော်တို့ Streetog တွေမှာ အများဆုံးကြုံရပါတယ်။ လမ်းဘေးနံရံပန်းချီနဲ့ တွဲရိုက်မယ်၊ Billboard ကပုံနဲ့တွဲရိုက်မယ် အစသဖြင့်ပေ့ါ Juxtapost ကို ဘယ်လယ်ဗယ်အထိသွားကြမလဲ။ Juxtapost ဆိုတာ သူများပုံနဲ့တွဲရိုက်တာ တစ်ခုပဲလား။ Plagiarism နဲ့ ကျွန်တော်တို့ငြိနေပြီလား... အစသဖြင့်ကို
ကောင်းထက် @ Kaung Htet
စိုင်းထင်လင်းထက် @ Sai Htin Linn Htet
သီဟစိုး @ Thiha Soul
ဇာနည်မျိုးဝင်း @ Zarni Myo Win
တို့က ဝင်ရောက်ဆွေးနွေးသွားပါမယ်။ အားလုံးကို လာခဲ့ကြဖို့ဖိတ်ပါတယ်။ ကိုယ့်အမြင်သူ့အမြင် နွေးနွေးထွေးထွေးဆွေးနွေးသွားလို့ရပါတယ်လို့ လက်တို့ဖိတ်ကြားလိုက်ပါတယ်ဗျား။
Zipevent Myanmar