August လ (၁၀) ရက်နေ့ ဓမ္မစေတီလမ်းနှင့် ရွှေတောင်ကြားလမ်း ထောင့် Marketplace မှာ ဈေးဝယ်လာကြမယ့် ဖေဖေ မေမေ များ ခင်ဗျာ...
အဲ့နေ့က ကျောင်းပိတ်ရက် စနေနေ့ လည်းဖြစ် ၊ Safari Book Store မှာလည်း "အိတ်ကလေးတွေကို အရောင်ခြယ် စကြာကြယ်ပုံ ခေါက်ကြမယ်" ဆိုတဲ့ အခမဲ့ ပျော်ရွှင်စရာပွဲလေးလည်းရှိတာမို့ သားသားမီးမီးလေးတွေ ခေါ်လာခဲ့ပါနော်
ဒါအပြင် ကမ္ဘာတစ်ဝှမ်း ကလေးငယ်များကြား ရေပန်းစားနေတဲ့ USA နိုင်ငံထုတ် Crayola Product လေးတွေကို အသုံးပြုပြီး အခမဲ့ ဆင်နွှဲရမှာဆိုတော့ သားသားမီးမီးတို့ ပျော်ပြီပေါ့
နံနက် ၁၀ နာရီမှ နေ့လည် ၁၂နာရီအထိ ရှိနေမှာမို့ ဆက်ဆက်မပြတ်လာခဲ့ကြနော်
စာရင်းပေးသွင်းနိုင်ရန် (အခမဲ့) ===> https://forms.gle/QniK1zM8DviFRCbK8
ကြိုတင်လေ့လာနိုင်ဖို့ အတွက် စက္ကူကြယ်စကြာပြုလုပ်နည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
***အချိန်အခက်အခဲကြောင့် paint အစား Crayons နှင့်  Markers အသုံးပြုပါမည်။ ***
အသုံးပြုမည့် Crayola Product များ
=====================
- Blunt Tip Scissors
- Washable Glue Stick
- Broad Line Markers
- 8 Upcycled Paper Bags
- Hole Punch
- Ribbon
ပြုလုပ်ရန် အဆင့်များ
============
(၁) စက္ကူအိတ်လေးရဲ့ ကျယ်ပြန်တဲ့ အောက်ခြေနှင့် မျက်နှာပြင်ဘက်တွေ ကို Crayon နှင့် Marker တို့ကို အသုံးပြုပြီး အလှဆင်ပါ
(၂) တခြား မျက်နှာပြင်ကျယ်ဘက်မှာတော့ စိတ်ကြိုက် ဒီဇိုင်းဆွဲပါ
(၃) မျက်နှာပြင်နှစ်ဘက်လုံးတွင် အလားတူပြုလုပ်ပါ
(၄) အဆင့် (၁) ကနေ (၃) အထိ အဆင့်ဆင့်အတိုင်း အိတ် ၇လုံးကို အလှဆင်ပါ။ အခြောက်ခံဖို့ အချိန်ပေးစရာမလိုအောင် Marker လေးတွေအသုံးပြုပြီး အလှဆင်ပါ။
(၅) အလှဆင်ပြီး ခေါက်ထားတဲ့ စက္ကူအိတ်ကို ပွင့်နေတဲ့ ဘက်ကို အပေါ်မှာထားပြီး ကိုင်ပါ။ ကော်ကိုအသုံးပြု၍ မျက်နှာပြင်ကျယ်ဘက်ကို ဇောက်ထိုးပုံစံ " T ပုံစံ " အတိုင်း ပြုလုပ်ပါ။ နောက်ထပ် စက္ကူအိတ်တစ်လုံးကို အပေါ်မှနေ၍ အောက်ကိုထပ်ဖိပါ။ ဤပုံစံအတိုင်း နောက်ဆုံးကျန်သည့်အိတ်အထိလုပ်ဆောင်သွားပါ။
(၆) ကတ်ကြေးကိုအသုံးပြု၍ ထပ်ထားသောစက္ကူအိတ် ပွင့်နေသော အစွန်းဘက်တွင် Point ပေါက်လေးတစ်ခုပြုလုပ်လိုက်ပါ
(၇) နောက်ဆုံးကျန်သည့်အိတ် ရဲ့ မျက်နှာပြင်ကျယ်ဘက်တွင် ဇောက်ထိုးပုံစံ " T ပုံသဏ္ဍာန် " ပြုလုပ်၍ ကော်နှင့်ကပ်ပါ။ စက္ကူအိတ်လေးများကို ပန်ကာဖြင့် အသာအယာမှုတ်၍ ပထမဆုံးအိတ် နှင့် နောက်ဆုံးအိတ်ကို ကော်နှင့်ကပ်၍ ဆက်လိုက်ပြီး ကြယ်စကြာပုံလေးရအောင်ပြုလုပ်ပါ။
(၈) စက္ကူ ကြယ်စကြာလေးရဲ့ အပေါ်ဘက်ကို Hole Punch ကိုအသုံးပြု၍ ဖောက်ကာ ဖဲကြိုးလျှိုသွင်း၍ ချည်လိုက်ပါ
(၉) ပါတီပွဲတွေ မှာ ဖြစ်ဖြစ် ၊ အိမ်ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ် အလှဆင်လို့ရတဲ့ စက္ကူကြယ်စကြာလေးတွေ ရပါပြီ
No 403 / A, Dhamazedi Road & Golden Valley Road, Bahan Townsh Yangon, Myanmar
Zipevent Myanmar