အလွတ်တန်းပညာရှင်များအတွက် မိတ်ဆွေတို့ရဲ့အရည်အချင်းများကို ပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီးတော့ ချိတ်ဆက်ကနေ ကျင်းပပေးလေ့ရှိတဲ့ Capacity Development Series ရဲ့ အပိုင်း(၄)ကိုပြန်လည်ရောက်ရှိလို့လာပါပြီ။
ယခုတစ်ခေါက် ချိတ်ဆက်နဲ့အတူလက်တွဲပူးပေါင်းပြီးတော့ ပြောကြားသွားမယ့် အဖွဲ့အစည်းကတော့ ၂၁ရာစုမှာ လူအများစိတ်ဝင်စားပြီး၊ သဘောကျလာတဲ့ Animation များကို ပြုလုပ်ပေးနေတဲ့ Pencell Studio ပဲဖြစ်ပါတယ်။
ဝေမျှပေးသွားမဲ့ အကြောင်းအရာလေးတွေကတော့
Animation တစ်ခုကို ဖန်တီးရာမှာ လိုအပ်တဲ့ အခြေခံနိယာမ (၁၂) ခုကို အသေးစိတ်သိရှိနားလည်နေဖို့ အတွက်၊ Animatorများ၊ အခုမှ စတင်လုပ်ဆောင်ချင်သူများ အားလုံးသိရှိသင့်တဲ့ ဗဟုသုတများကို Pencell Studio မှ ကိုနိုဘယ်ကနေပြီးတော့ အဓိကထားပြီး ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် ချိတ်ဆက်အဖွဲ့သားများကလည်း www.chatesat.com မှာ အလွတ်တန်းပညာရှင်တစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်နိုင်ပြီးတော့ ပရောဂျက်များစွာရရှိအောင်ဘယ်လိုကြိုးစားရယူနိုင်မလဲဆိုတာကိုပါ မျှဝေပေးသွားမှာပဲဖြစ်ပါတယ် ရှင့်။
ဒီပွဲကိုတက်ရောက်ဖို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီ (http://bit.ly/352ucAN) လေးမှာ register လေးလုပ်ထားနိုင်ပါတယ်ရှင့်။
ကျင်းပမယ့်နေ့ရက်နဲ့ နေရာလေးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
နေ့ရက် - ၂၀၁၉၊ ဒီဇင်ဘာလ (၂၁)ရက် (စနေနေ့)
နေရာ - Seedspace Yangon (Yangon Innovation Center)
အချိန် - ၂ နာရီ- ၅ နာရီ။
Kyan Mar Yay Seik Kan Compound, Corner of Pansodan Road and yangon,
Zipevent Myanmar