We Beauty EXPO 2019 Zipevent

We Beauty EXPO 2019

10 - 11 Aug 2019
09:00 - 21:00 (UTC+7)
Junction City

Event Information


💋 အားလုံးပဲ မျှော်လင့်စောင့်စားနေကြတဲ့ 💄We Beauty EXPO 2019 ပွဲကြီးကို Junction City Promotion Area A နှင့် B ၂ခုလုံးမှာ လာမယ့် သြဂုတ် ၁၀ရက် နှင့် ၁၁ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ We Beauty EXPO 2018 ကို 🌸"Every Woman is Beautiful" ဆိုတဲ့ ခေါင်းစဉ်နဲ့ 2018 မှာ စည်ကားစွာ ကျင်းပခဲ့ပြီး အခု 2019 မှာတော့ "She is Bold. She is Brave. She is Beautiful." 💋ဆိုတဲ့ ခေါင်းစဉ်နဲ့ ပိုမိုထူးခြားစွာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ WEBE2019 ပွဲကြီးမှာတော့ ပြည်တွင်းပြည်ပမှ နာမည်ကြီး အလှကုန်ပစ္စည်းများစွာ ပါဝင်မှာဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဉ်များစွာနဲ့ ပြည့်နှက်နေမယ့် ပျော်ရွှင်ဖွယ်ရာ ပွဲလေးတစ်ပွဲဖြစ်ပါတယ်။ အလှအပဆိုင်ရာ ဆွေးနွေးပွဲ အစီအစဉ်များ၊ မိတ်ကပ် လိမ်းခြယ်နည်းများ၊ မိန်းကလေးတွေအတွက် အလှအပနဲ့ လူနေမှုဆိုင်ရာ ဟောပြောပွဲများ၊ ဖျော်ဖြေရေး အစီအစဉ်များ ကို နာမည်ကြီး အနုပညာရှင်များ၊ အတတ်ရှင်များမှ လာရောက် တင်ဆက်ပြသသွားမယ့်အပြင် ပြည်တွင်းပြည်ပ နာမည်ကြီး Brand တွေရဲ့ Promotion အစီအစဉ်များစွာနဲ့အတူ စောင့်ကြိုနေတာ ဖြစ်လို့ We Beauty EXPO Page, We Events Page နှင့် WEBE2019 Event ကို Going & See First လုပ်ထားဖို့လည်း မမေ့နဲ့နော်။

We Beauty EXPO 2018: Every Woman is Beautiful ပွဲကြီးကို 2018  Junction City မှာ ကျင်းပခဲ့တုန်းက Main Sponsor အဖြစ် 🌹POND'S မှ ပူးပေါင်းပါဝင်ခဲ့ပြီး Gold Sponsors များအဖြစ် 💋Maybelline 💄L'Oréal 🌼GARNIER ⭐️Bella  👦🏻SAI Cosmetix 🌸LUX 💃🏻Panasonic Beauty 💆🏻‍♀️Beauty Box Aesthetic Clinic 🧡Bear Brand Gold Myanmar 🇯🇵Shokubutsu တို့မှ ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပြီး ယခု 2019 မှာလည်း မိတ်ဟောင်းမိတ်သစ် အမှတ်တံဆိပ်တွေကို ထပ်မံပူးပေါင်းပါဝင်ဖို့ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်။ We Media မှ ကြီးမှူးကျင်းပသော We Beauty Expo 2019 ပွဲတွင် ပါဝင်ပူးပေါင်းလိုပါက Hotline Phone Numbers များဖြစ်တဲ့ 09798147144, 0943339000, 09971596813 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။


Location Details


Junction City

LOCATION

Corner of Bogyoke Aung San Road, Yangon, Myanmar (Burma) Yangon, 11111 Myanmar

VIEW MAP

Want to know more about this event?
Please contact the organizer for more information.