“CB Bank with New Digital Job Expo by MyJobs”
CB Bank မှ Diamond Sponsor အဖြစ် ပါဝင်အားဖြည့်ထားသော “New Digital Job Expo by MyJobs”
အလုပ်အကိုင်ပြပွဲကြီးအား လာမည့် (၂၀၁၉)ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့တွင် Lotte Hotel Yangon မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီဂျစ်တယ်အလုပ်အကိုင်ပြပွဲဖြစ်တာကြောင့် New Digital Job Expo မှာအသုံးပြုလို့ရမည့် CB Bank နည်းပညာလေးကို ဝေမျှပေးပါရစေ။ အဲဒါကတော့ Transforming your Resume into Digital QR Code CV ဆိုတဲ့နည်းပညာဖြစ်ပါတယ်။ ဒီနည်းပညာလေးကတော့မိမိရဲ့CV ကို QR Code အနေနဲ့ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် ပြပွဲအတွင်း အလုပ်အကိုင်များလျှောက်ထားရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။
မတူညီတဲ့အလုပ်အကိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာ အခမဲ့ လျှောက်ထားနိုင်မည့်အပြင် ဆရာမ မသီတာ (စမ်းချောင်း)၊ ဒေါက်တာဖြိုးသီဟ တို့၏ ဟောပြောပွဲအစီအစဉ်များလည်း ပြုလုပ်သွားမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများ သွားရောက်နိုင်ဖို့ သတင်းကောင်းပါး ဖိတ်ခေါ်လိုက်ပါတယ်။
#CBBank #NewDigitalJobExpobyMyJobs
No. 82, Sin Phyu Shin Avenue Pyay Road, 6½ Mile, Ward 11 MM, Yangon 11052 Yangon, 11052 Myanmar
VIEW MAP
Zipevent Myanmar