ဗီယက်နမ်နိုင်ငံ Vietnam Association of Women Entrepreneurs (VAWE) မှ ကြီးမှူး၍ ကုန်သည်စက်မှုအသင်းချုပ် နှင့် ပူးပေါင်း၍ "Vietnam - Myanmar Business Matching Conference" ကိုအသင်းချုပ်ရုံး၊ ပထမထပ် ၊ မင်္ဂလာခန်းမ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် ၀၉:၃၀ - ၁၂:၀၀ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အဆိုပါ Business Matching သည် ဗီယက်နမ်-မြန်မာနှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အကြားစီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရေးနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အောက်ဖော်ပြပါ စီးပွားရေး ကဏ္ဍများ ပါဝင်လာကြမည် ဖြစ်ပါသည်။
Handicraft Art and Services
(1) Printing, Bookbinding
(2) Packaging and Labels/Carton Packaging
(3) handicrafts, High-Class Mosaic
(4) Construction Materials (Cement, Sand, Stone,….)
(5) Warehouse for rent and Investment
Agricultural Products and Food Processing
(1) Traditional Confectionery, Jam, Candy, Coffee
(2) Pharmaceutical Nano Products-Health Food
(3) Agricultural Products
(4) Foodstuffs, Green Bean Cakes, Beans Flour
Textiles and Fashion
(1) Fashionable Clothes/Blankets/Cushions
Biological Products & cosmetics
(1) Microbiological Fertilizers for Agricultural Production
Business Matching သို့ တက်ရောက်ပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ကုန်သည်စက်မှုအသင်းချုပ်