Event Information

မြန်မာနိုင်ငံရှိ အလုပ်အကိုင်ရှာဖွေနေသူများကို အကောင်းဆုံးကူညီပေးချင်တဲ့ JobExpress Myanmar ရဲ့ Grand Opening Ceremony ကို အခုလာမယ့် မတ်လ (၁၃)ရက် (သောကြာနေ့) မှာ Myanmar Plaza မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပွဲကို မည်သူမဆို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပြီး လာရောက်လေ့လာသူများကို အွန်လိုင်း CV တင်ပေးခြင်း၊ အလုပ်လျှောက်ထားပေးခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဆွေးနွေးတိုင်ပင်ပေးခြင်းတို့ကို JobExpress မှ Senior Recruitment Consultant များမှ တစ်ဦးချင်း အခမဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူးခင်ဗျ.. ပွဲမှာ Unplugged Music Performance နဲ့ DJ စတဲ့ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ပြီး နိုင်ငံကျော်အဆိုတော်များ သီဆိုဖျော်ဖြေဦးမှာပါ။

ဒါ့အပြင် အထူးအခွင့်အရေးအနေနဲ့ iPad (၂)လုံးကို မဲဖောက်ပြီး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် အခမဲ့ အလုပ်အကိုင်လျှောက်ထားနိုင်မယ့်အခွင့်အရေးအပြင် iPad (၂)လုံးကံထူးနိုင်ဖို့ လာမယ့် မတ်လ (၁၃)ရက်နေ့ မနက် (၉)နာရီ မှ ညနေ (၄)နာရီအတွင်း မြန်မာပလာဇာကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

သိရှိလိုသည်များအတွက် ရုံးချိန် (တနင်္လာ-သောကြာ) မနက် (၉)နာရီမှ ညနေ (၅:၃၀)နာရီအတွင်း ဖုန်းနံပါတ် 01203909, 01203910 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Location Details

Myanmar Plaza
Location

Kabaraye Pagoda Road, Yangon Yangon, Myanmar

Icon goole map View Map

Want to know more about this event?
Please contact the organizer for more information.