သြစတြေးလျနိုင်ငံ၏ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာဆွေးနွေးခြင်း
Rivers Myanmar မှ သြစတြေးလျနိုင်ငံ၏ အသက်မွေးဝမ်းကြောင်း ဘာသာရပ်တွေနဲ့ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို မတ်လ ၁၃ ရက်နေ့ (သောကြာ) နှင့် မတ်လ ၁၄ ရက်နေ့(စနေနေ့)တွေမှာ ကျင်းပသွားပါမည်။
ဟောပြောပွဲတက်ရောက်ပြီး ပထဆုံးကျောင်းလျှောက်သူ ၃ ဦးကို Rivers Myanmar Scholarship အဖြစ် သြစတြေးလျဒေါ်လာ ၁၀၀၀ ကို (ကျောင်းသားဗီဇာလျှောက်ခ သြဇီဒေါ်လာ ၇၀၀ + ကျောင်းလျှောက်ခ
သြဇီ ဒေါ်လာ ၃၀၀) ချီးမြှင့်ပေးပါမည်။
ဒါ့အပြင် ကျောင်းပြီးပါက သြစတြေးလျမှာ အမြဲတန်းနေထိုင်ခွင့် PR နှင့် ဗီဇာဆိုင်ရာအကြံပြုချက်တွေအတွက် သြစတြေးလျလူဝင်မှုရှေ့နေနှင့် သီးသန့်ဆွေးနွေးခွင့်ရပါမည်။ ပုံမှန်တစ်နာရီဝန်ဆောင်ခကို သြဇီဒေါ်လာ
၄၀၀ ရှိတာကြောင့် မြန်မာကျောင်းသားတွေအတွက် အထူးအခွင့်အရေးဖြစ်ပါသည်။
အခြားသောပွဲတက်ရောက်သူတွေအနေနဲ့လည်း သြစတြေးလျလူဝင်
မှုရှေ့နေနှင့် သီးသန့်တွေ့ဆုံပြီး အမြဲတန်း နေထိုင်ခွင့် PR နှင့် ဗီဇာဆိုင်ရာအကြံပြုချက်တွေ၊ ပညာရေးအကြံဥာဏ်တွေ၊
Rivers Myanmar မှပေးအပ်မည့် အမှတ်တရလက်ဆောင်တွေကို ရရှိနိုင်တာကြောင့် ပညာလည်းရ၊ လက်ဆောင်တွေလည်းရမှာမို
လက်မလွှတ် သင့်တဲ့ ဆွေးနွေးပွဲလေးဖြစ်ပါမည်။
ဟောပြောပွဲကို Rivers Myanmar ရုံးမှာ နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါသည်။
Vocational Education and Training (VET) အသက်မွေးဝမ်းကြောင်းပညာရပ်တွေနှင့် သြစတြေးလျနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိနိုင်ရန် ဘယ်လိုတွေအထောက်အကူပြုသလဲ ဆိုတာတွေကို ဟောပြောဆွေးနွေးပေး သွားမှာဖြစ်ပါသည်။
📱ထပ်မံသိရှိလိုပါက
📞 ၀၉ ၉၈၁၁၄၃၂၅၃ နဲ့ ၀၉၉၈၁၂၈၀၁၆၈ ကိုဆက်သွယ်နိုင်ပါသည်။
အချိန် ။ နံနက် (၁၀) နာရီမှ နေ့လယ် (၃) နာရီ။
နေ့ရက် ။ ၁၃. ၀၃. ၂၀၂၀ (သောကြာနေ့)
၁၄. ၀၃. ၂၀၂၀ (စနေနေ့)
🏢 နေရာ ။ Times City Office Tower (၃)၊ (၁၀)
လွှာ၊ အခန်းနံပါတ် (၁၀၀၃)၊ ကျွန်းတောလမ်းနှင့်
ဟံသာဝတီလမ်းကြား၊ Junction Square အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Room 1003, Times City Complex, Office Tower 3 between Hantharwaddy Road & Kyun Taw Road, Kamaryut Township, Yangon Yangon, Myanmar
Zipevent Myanmar