✅သင့်လုပ်ငန်းကို သိသိသာသာ တိုးတက်ပြောင်းလဲစေမယ့် ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်
🚩လက်ရှိရနေတဲ့ ရလဒ်တွေကို သင်မကြိုက်ဘူးဆိုရင် သင်ခေါင်းဆောင်နေတဲ့ပုံစံကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
🚩သင့်လုပ်ငန်းမှာ သင်အရင်က လုပ်နေသလိုပဲ ဆက်ပြီး လုပ်နေမယ်ဆိုရင် အရင်က ရနေတာတွေကိုပဲ ဆက်ပြီးရနေပါလိမ့်မယ်။ မတူတဲ့ရလဒ်တွေကို လိုချင်ရင် သင့်အနေနဲ့ မတူတာတွေကို လုပ်ဖို့လိုပါတယ်။
🚩သင့်ဝန်ထမ်းတွေ လုပ်နေကိုင်နေတာတွေကို မကြိုက်ဘူးဆိုရင် ဒါမှမဟုတ် အဖွဲ့အစည်းထဲမှာ ဖြစ်နေတာတွေဟာ သင်ဖြစ်ချင်တဲ့အရာတွေ မဟုတ်ဘူးဆိုရင် အဲဒါတွေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရပါမယ်။ ပြောင်းလဲတဲ့နေရာမှာ အရင်ဆုံး စတင်ရမှာကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
🚩သင့်လုပ်ငန်းကို တိုးတက်လာအောင် လုပ်ဆောင်တဲ့နေရာမှာ သင်အလေးထားသင့်တဲ့ ခေါင်းဆောင်မှု မဟာဗျူဟာ ၁၃ ချက်ကို မျှဝေလိုက်ပါတယ်။
၁။ သင့်လုပ်ငန်းရဲ့အခြေအနေတွေကို လေးလေးနက်နက် ထိုင်ပြီး စဉ်းစားဖို့အတွက် တစ်ပတ်ကို အနည်းဆုံး တစ်နာရီအချိန်ဇယားဆွဲထားပါ။
၂။ သင့်ရဲ့တစ်နေ့တာကို မစတင်ခင်မှာ ကြိုတင်အစီအစဉ် ဆွဲထားပါ။
၃။ သင့်ရဲ့ သနားစရာကောင်းတဲ့ ဆင်ခြေတွေကို လက်မခံပဲ သင့်နေ့စဉ်အလုပ်ပြီးမြောက်မှု အခြေအနေကို တွန်းအားပေးမယ့်သူ တစ်ယောက်ထားပါ။ (ဖြစ်နိုင်ရင် Business Coach တစ်ယောက် ငှားထားပါ။ မြန်မာနိုင်ငံမှာ PBCA သင်တန်းဆင်း Certified Professional Business Coach တွေ ရှိပါတယ်။)
၎။ သင့်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မကြိုးစားခင်မှာ သင့်ကို ရှေ့ကို တိုးတက်မလာအောင် ဘယ်အရာက တားဆီးထားတယ်ဆိုတာကို တိတိကျကျ ရှာဖွေဖို့ အရင်ကြိုးစားပါ။
၅။ သင့်လုပ်ငန်းကို အဓိက မောင်းနှင်တဲ့အရာ ၅ ခုကို သတ်မှတ်ပြီး ပုံမှန်တိုင်းတာစစ်ဆေးပါ။
၆။ သင့်ကို ဖောက်သည်အသစ်တွေ ရရှိဖို့နဲ့ ရှိပြီးသားဖောက်သည်တွေကို ထိန်းသိမ်းထားဖို့ကို တနည်းနည်းနဲ့မှ အထောက်အပံ့မဖြစ်စေတဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပါ။
၇။ သင့်လုပ်ငန်းရဲ့ Culture ကို တိုးတက်ကောင်းမွန်လာအောင် အာရုံစိုက်ပြီး သင့်ရဲ့ Team ကို စွမ်းဆောင်ရည်မြင့်မားတဲ့ Team အဖြစ်ကို ပြောင်းလဲပါ။
၈။ Customer တွေအနေနဲ့ သူတို့တခြားလုပ်ငန်းဆီကို သွားဝယ်တယ်ဆိုရင် ငါတို့ရူးနေလို့ပဲလို့ သူတို့ဟာသူတို့ ထင်လာမယ့်အထိကို လုပ်ငန်းကို ကောင်းနေအောင် တည်ဆောက်ထားပါ။
၉။ သင့်ဝန်ထမ်းတွေကို အရည်အချင်းမြှင့်တင်ပါ။ သင့်မှာ ရွေးချယ်စရာ ၃ ခု ရှိပါတယ်။ သင်ရဲ့လူတွေကို သင်လိုချင်တဲ့အတိုင်း ဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးတာ၊ ဖြစ်နေတာကို သည်းခံပြီး ထိုင်ကြည့်နေတာနဲ့ အလုပ်ကနေ အနားပေးတာတွေ ဖြစ်ပါတယ်။
၁၀။ သင့်အဖွဲ့အစည်းမှာ ရှိတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။ သူတို့ကို အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်းကို ပြပါ။
၁၁။ ၀ယ်ယူတဲ့သူအရေအတွက်တက်မလာပဲနဲ့ကို အမြတ်နဲ့ငွေလည်ပတ်မှုကို တက်လာအောင် လုပ်ပါ။ စရိတ်တွေကို လျှော့ချပါ။ ၀ယ်ယူမှုပမာဏကို တိုးမြှင့်အောင် လုပ်ပါ။ ရရန်ရှိတွေကို ကာလလျှော့ပစ်ပါ။ ကုန်ပစ္စည်းလက်ဝယ်ထားရှိတဲ့ကာလကို လျှော့ချပါ။ ပေးရန်ရှိတွေရဲ့ ကာလကို တိုးမြှင့်ပါ။
၁၂။ သင့်ရဲ့ အမြတ်ငွေကို တိုးတက်လာစေမယ့် အရေးအပါဆုံးကိစ္စရပ်တွေကို သိအောင်လုပ်ပါ၊ အကောင်အထည်ဖော်ပါ၊ အရင်းအမြစ်တွေ ပိုပေးပါ။
၁၃။ သင့်ရဲ့ အာရုံစိုက်မှုနဲ့ တိုးတက်မှုကို ထိခိုက်စေပြီး အချိန်လည်း ကုန်တဲ့လုပ်ဆောင်ချက်တွေကို ရပ်ပစ်ပါ။ ရပ်လို့ မရရင် တခြားလူကို လွှဲရင်လွှဲပါ။ ဒါမှမဟုတ် အပြင်ကို အပ်ပါ။
အထက်ပါ အချက်များကို ပြန်လည်ဖတ်ရှူပြီး အရင်ဆုံး ပြုပြင်ရမယ့် အချက် ၃ ချက်ကို ဆွဲထုတ်ပါ။ အသေးစိတ် အစီအစဉ်ချရေးပါ။ လက်တွေ့အကောင်အထည်ဖော်ပါ။
Naing Win Aung (MBA, UK)
Business & Executive Coach
Leadership Development Facilitator
#naingwinaungexecutivecoach
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place
Reference: Keith Cunningham
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရန်ကုန်မြို့နှင့် မန္တလေးမြို့များအပါအဝင်
မြန်မာနိုင်ငံဒေသအသီးသီးမှ စီးပွားရေး၊ လုပ်ငန်းရှင်များ၊ ဒါရိုက်တာများ၊ မန်နေဂျာများ၊ ဘ၀၊ အလုပ်အကိုင် တိုးတက်ရာ တိုးတက်ကြောင်းကို လိုလားသူများအတွက်
Transformational Leadership Journey (TLJ): Awaken The Great Leader Within You သင်တန်းများကို မြန်မာနိုင်ငံတွင် ပထမဆုံး Coaching Firm ဖြစ်သော Breakthrough Coaching, Training & Consulting မှ စီစဉ်ပြီး မြန်မာနိုင်ငံတွင် Professional Coaching Culture ကို ပထမဆုံး စတင်ခဲ့သူဖြစ်သော Myanmar 1st Business & Executive Coach - U Naing Win Aung မှ ဦးဆောင်သင်ကြားပေးမှာ ဖြစ်ပါတယ် …
TLJ သင်တန်းဟာ လက်တွေ့ကျပြီး အမှန်တကယ် ရလဒ်ကောင်းများ ရရှိစေသဖြင့် မြန်မာနိုင်ငံတွင် တက်ရောက်သူအများဆုံးနဲ့ အထိရောက်ဆုံး ခေါင်းဆောင်မှု သင်တန်းအဖြစ် လူသိများလျက်ရှိပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
✅အကယ်၍ သင့်မှာ သင့်စီးပွားရေး၊သင့်အလုပ်အကိုင်နဲ့ဘ၀အတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ လိုချင်တယ်ဆိုရင် Breakthrough Coaching, Training & Consulting ရဲ့ Transformational Leadership Journey (TLJ) သင်တန်းကို တက်ရောက်လေ့လာနိုင်ပါတယ်။
✅သင်တန်း ၃ ရက်အတွင်းမှာ သင့်ကိုယ်သင် ပြန်တွေ့လာပါလိမ့်မယ်။ ဒါ့အပြင် သင့်ဘ၀၊ လုပ်ငန်း၊ အလုပ်အကိုင် အရှိန်အဟုန်နဲ့ တိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲ လူတွေကို ဘယ်လိုဦးဆောင်ရမလဲဆိုတာတွေကို သင့်ဟာသင် သိလာလိမ့်မယ်။
✅ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စာတွေ အများကြီး သင်တာထက် ဘယ်လိုအသုံးချမလဲဆိုတာကို စွဲစွဲမြဲမြဲ သိလာမယ့်အပြင် ရှေ့ဆက်လုပ်ရမယ့် Plan တွေပါ ရလာပါလိမ့်မယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
🎯နေပြည်တော်🎯
▲▲▲▲▲▲▲▲
ရက်စွဲ - သြဂုတ်လ ၂၃၊ ၂၄၊ ၂၅ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
နေရာ - တုံဂပူရိ ဟိုတယ် Grand Ballroom
အမှတ် - ၉/၁၀ ,ရာဇသိင်္ဂဟလမ်း၊ ဒက္ခိဏသီရိဟိုတယ်ဇုံ( ၁ ) နေပြည်တော်မြို့
သင်တန်းကြေး - ၁၇၉,၅၀၀
အထူးနှုန်း - ၇၉,၅၀၀ (ပထမဆုံးအပ်နှံသူ ၇၅ ဦးအတွက်သာ)
🎯အထူးနှုန်းနဲ့ ရရှိနိုင်ဖို့ အောက်ပါ Form ကိုဖြည့်ပြီး အမြန်ဆုံးစာရင်းသွင်းထားနိုင်ပါပြီ။
✍ https://forms.gle/VJwDjr6AjefHdep17 ✍
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
🎯ရန်ကုန်🎯
▲▲▲▲▲▲
ရက်စွဲ - သြဂုတ်လ (၃၀၊ ၃၁) စက်တင်ဘာ (၁) (သောကြာ၊ စနေ၊ တနင်္ဂနွေ)
နေရာ - တော်ဝင်ဂါးဒင်း ဟိုတယ်(Grand Ballroom)
အမှတ် ၄၅ ၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ရန်ကုန်မြို့
အချိန် - မနက် ၉ နာရီမှ ညနေ ၇ နာရီအထိ ( မိတ်ဆွေများအတွက် သင်ကြားမှုကို အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်၍ သင်တန်းပြီးဆုံးချိန် ည ၈ နာရီအထိ အချိန်ယူနိုင်ပါသည်။)
သင်တန်းကြေး - ၁၇၉,၅၀၀
အထူးနှုန်း - ၇၉,၅၀၀ (ပထမဆုံးအပ်နှံသူ ၇၅ ဦးအတွက်သာ)
🎯အထူးနှုန်းနဲ့ ရရှိနိုင်ဖို့ အောက်ပါ Form ကိုဖြည့်ပြီး အမြန်ဆုံးစာရင်းသွင်းထားနိုင်ပါပြီ။
✍ https://forms.gle/VJwDjr6AjefHdep17 ✍
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
🎯မန္တလေး🎯
▲▲▲▲▲▲
ရက်စွဲ - စက်တင်ဘာလ ၂၀၊ ၂၁၊ ၂၂ (သောကြာ၊ စနေ၊ တနင်္ဂနွေ)
နေရာ - Hotel Marvel ၇၈လမ်း နှင့် ၃၀လမ်းထောင့်၊ မန္တလေးဘူတာကြီး အပေါ်ထပ်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
သင်တန်းကြေး - ၁၇၉,၅၀၀
အထူးနှုန်း - ၇၉,၅၀၀ (ပထမဆုံးအပ်နှံသူ ၇၅ ဦးအတွက်သာ)
🎯အထူးနှုန်းနဲ့ ရရှိနိုင်ဖို့ အောက်ပါ Form ကိုဖြည့်ပြီး အမြန်ဆုံးစာရင်းသွင်းထားနိုင်ပါပြီ။
✍ https://forms.gle/VJwDjr6AjefHdep17 ✍
နားချိန်များ ပါဝင်သော်လည်း အစားအသောက်အတွက် မိမိအစီအစဉ်ဖြင့် မိမိသုံးဆောင်ရပါမည်။ မနက်ပိုင်းနှင့် နေ့ခင်းပိုင်းများတွင် ဗိုက်ဆာပါက စားနိုင်ရန် မုန့်များ မဖြစ်မနေ ထည့်ယူလာရန် တိုက်တွန်းပါသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ခေါင်းစဉ် - တိုးတက်ပြောင်းလဲစေသော ခေါင်းဆောင်မှု ခရီးစဉ်
Transformational Leadership Journey (TLJ) Awaken The Great Leader Within
Main Facilitator: Naing Win Aung (Business & Executive Coach)
🎯သင်တန်းမှ ရရှိမည့် အကျိုးကျေးဇူးများ🎯
--------------------------------------
🚩သင့်စီးပွားရေးလုပ်ငန်းနှင့် အလုပ်အကိုင်မှ ၀င်ငွေနှင့် ထိရောက်မှုကို ၂၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် မည်သို့သော ခေါင်းဆောင်မှုအယူအဆများ ထားရှိသင့်သည်ကို သိရှိလာမည်။
🚩ခေါင်းဆောင်တစ်ယောက်၏ အောင်မြင်မှုကို ဘာနှင့် တိုင်းတာနိုင်မည်ကို သိရှိလာမည့်အပြင် သင်၏ ခေါင်းဆောင်မှု အရည်အချင်းကို စဉ်ဆက်မပြတ် တိုးတက်လာအောင် မည်သို့လုပ်ဆောင်သင့်သည်ကို သိရှိလာမည်။
🚩သင့်စီးပွားရေးလုပ်ငန်းကို အောင်အောင်မြင်မြင်နှင့် လုပ်ကိုင်နိုင်ရန်အတွက် သင့်လက်အောက်မှသူများကို ဦးဆောင်ရာတွင် အလွန်အကျိုးရှိနိုင်သော ခံယူချက်များကို လေ့လာသင်ယူလာနိုင်မည်။
🚩လူအများ၏ ယုံကြည်မှု၊ လေးစားမှုများကို ရရှိလာအောင် မည်သို့လုပ်ဆောင်ရမည်နှင့် မိမိလုပ်ငန်း၊ အဖွဲ့အစည်းမှသူများကို ၄င်းတို့၏ ဘ၀များတွင် မြင့်တက်လာစေရန် မည်သို့လုပ်ဆောင်ပေးသင့်သည်ကို သိရှိလာမည်။
🚩သင်လိုချင်သော အရည်အချင်းရှိသည့်သူများကို သင့်လုပ်ငန်း၊ အဖွဲ့အစည်းတွင် ရရှိလာအောင် မည်သို့လုပ်ဆောင်သင့်သည်ကို သိရှိလာမည့်အပြင် နိစ္စဓူဝလုပ်ငန်းများတွင် သင့်ပါဝင်လုပ်ဆောင်မှုကို ထိရောက်စွာ လျှော့ချနိုင်မည့် နည်းလမ်းများကိုပါ နားလည်လာမည်။
🚩သင့်ကိုယ်သင် သေသေချာချာ သိရှိလာအောင် ဘယ်လိုလုပ်မလဲ နားလည်လာမည့်အပြင် သင့်တန်ဖိုးကို သင်မြင်လာအောင် ဘယ်လိုလုပ်ရမလဲကိုပါ သိရှိလာမည်။
🚩ခေါင်းဆောင်မှု အရည်အချင်းနှင့် ပတ်သက်၍ သင့်ကိုယ်သင် ဘယ်လို သုံးသပ်မှုတွေ လုပ်ဆောင်သင့်သည်ကို သိရှိလာမည့်အပြင် ခေါင်းဆောင်မှု အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်တဲ့နေရာမှာ သင်ကိုယ်သင် စည်းကမ်းရှိအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပါ သိရှိလာမည်။
🚩သင့်ရဲ့ ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို သင်ဘယ်လိုရနိုင်မလဲဆိုတာနှင့် ဘယ်လို နည်းလမ်းတွေက သင့်ရဲ့ ခေါင်းဆောင်မှု ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ကို သိရှိလာမည်။
🚩အတိတ်က မကောင်းတဲ့ အတွေ့အကြုံတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို နားလည်လာမည့်အပြင် သင့်ရဲ့ အကျင့်စရိုက်ကို ဘယ်လိုထိန်းသိမ်းသင့်လဲဆိုတာကိုပါ သိရှိလာမည်။
🚩ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် သင့်ရဲ့ အားအင်ကို ဘယ်လောက်အထိ အစွမ်းကုန်ထုတ်သုံးသင့်သည်နှင့် သင့်ရဲ့ အရည်အချင်းတိုးတက်မှု၊ ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်မှုများအတွက် သင်ဘာတွေကို စွန့်လွှတ်အနစ်နာခံသင့်သည်ကို သိရှိလာမည်။
🚩ခေါင်းဆောင်တစ်ဦးအနေနှင့် သင့်ကိုယ်သင် ဘယ်လိုမေးခွန်းတွေကို မေးသင့်သည်ကို နားလည်လာမည့်အပြင် သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ဘယ်သူတွေဆီကနေ ဘယ်လို နမူနာတွေ ယူသင့်သည်၊ သင့်လက်အောက်မှာသူများအတွက် စံနမူနာကောင်းတစ်ယောက်ဖြစ်လာအောင် နေထိုင်ခြင်း စသည်တို့ကို သိရှိလာမည်။
🚩သင့်ရဲ့ လုပ်နိုင်စွမ်းတွေကို ဘယ်လိုတိုးတက်အောင် လုပ်ဆောင်သင့်လဲ၊ သင့်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုကနေ ခေါင်းဆောင်တစ်ယောက်အနေနှင့် သင့်ပတ်ဝန်းကျင်က လူတွေကို သင်ဘာတွေ ကူညီနိုင်မလဲဆိုသည်ကိုပါ သိရှိလာပါမည်။
အထက်ပါ အချက်များအားလုံးကို လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးခြင်းကြောင့်
- သင်၏ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်း ပိုမိုတိုးတက်လာမည့်အပြင် သင်၏ ဘ၀တွင် စိတ်ချမ်းသာလာမည်၊ ဘ၀အနှစ်သာရရှိလာမည်။
- လူအများနှင့် ဆက်ဆံရေးအဆင်ပြေလာမည်၊ မိသားစုတွင်လည်း သာယာသော ဆက်ဆံရေးရှိလာမည့် အပြင် သင်၏ သားသမီးများ၊ တပည့်များကို ကောင်းစွာ ဆုံးမလာနိုင်မည်။
- ဘ၀တွင် သင်ပြင်းပြင်းပြပြ လိုချင်နေသော အောင်မြင်မှု၊ ပျော်ရွှင်မှုများကိုလည်း ရရှိလာမည့် ပထမဦးဆုံး ခြေလှမ်းဖြစ်လာလိမ့်မည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
TLJ Intensive ကို ဘယ်သူတွေ တက်သင့်လဲ။
- အောင်မြင်နေသော စီးပွားရေး လုပ်ငန်းရှင်များ၊
- စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မည့်သူများ၊
- လက်ရှိလုပ်ငန်းကို တိုးတက်လိုသော လုပ်ငန်းရှင်များ
- ဒါရိုက်တာများ၊
- Senior Executive များ၊
- Department Head များ၊
- ခေါင်းဆောင်မှုအရည်အချင်းကို ဖွံ့ဖြိုးတိုးတက်လိုသူများ၊
- ဘ၀ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းပြပြ လိုချင်သူများ၊
တက်ရောက်သင့်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ခေါင်းဆောင်မှု အရည်အချင်းနှင့် ပတ်သက်၍ လိုအပ်မယ့် အရည်အချင်းများ အခုလောက်ရှိလိမ့်မည်ဟု မထင်ထားခဲ့မိပါ။ ယခု TLJ သင်တန်းကို တက်ပြီးမှ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အသွေးသည် လုပ်ငန်းတစ်ခု အောင်မြင်တိုးတက်မှုမှာ အရေးအပါဆုံး ဆိုတာကို သိခဲ့ရပြီး ကျွန်ုပ်၏ လုပ်ငန်းများ ပိုမိုတိုးတက် လာလိမ့်မည်ဟု ရဲရဲကြီး အာမခံပါသည်။
U Maung Maung Myint
Director
Morning Sky Co., Ltd.
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက ကြိုသိထားခဲ့ရင် အခုထက် ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ပိုမိုနှစ်လိုဖွယ် ကောင်းတဲ့ Leader တစ်ယောက်အဖြစ် ရပ်တည်နေမှာပါ။ သိပ်အကျိုးရှိတဲ့ သင်တန်းလေးဖြစ်လို့ ပေးရတဲ့အချိန် နဲ့ ရင်းနှီးလိုက်ရတဲ့ ငွေကြေးပမာဏထက် သာလွန်ကောင်းမွန်သော အနှစ်သာရ ပြည့်စုံသော ပညာရပ်တွေ ပြန်ရရှိခဲ့ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Ma Khaing Su Kywe
Founder
Arirang Korean Language Center
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
TLJ သင်တန်းကို အပ်နှံရန်အတွက် Breakthrough Coaching, Training & Consulting ရဲ့
09765222104, 09765222105, 09765222106, 09765222107 များသို့ ရုံးချိန်အတွင်း ဆက်သွယ်၍ အပ်နှံနိုင်ပါသည်။
ဦးနိုင်ဝင်းအောင်ရဲ့ ကိုယ်ရေးအကျဉ်းကို အောက်ပါ Link တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/naingwinaungexecutivecoach/photos/a.2048851438589468/2592864040854869/?type=3&theater
#Leadership #Transformation #TLJ
#Breakthrough_Coaching_Myanmar
#Make_Myanmar_A_Better_Place