Rivers Myanmar ၏ ရန်ကုန်ကိုယ်စားလှယ်ရုံးခွဲဖွင့်ပွဲ နှင့် ပညာရေး "အခမဲ့" ဆွေးနွေးပွဲကြီးကို ရန်ကုန်မြိုု့တွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်သည်။
နေရာ။ Times City Office Tower (၃) ၊ (၁၀)လွှာ၊ အခန်းနံပါတ်(၁၀၀၃)၊
ကျွန်းတောလမ်း နှင့် ဟံသာ၀တီလမ်းကြား၊ Junction Square အနီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
နေ့ရက်။ 29 February 2020 (Saturday)
အချိန်။ 9:00 a.m – 12:00 p.m
Australian Education & Immigration Free Seminar
အချိန်။ 12:00 p.m – 3:00 p.m
အစီအစဥ်။
Rivers Myanmar သည် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အစိုးရ အလယ်တန်း၊ အထက်တန်းကျောင်းများကို တရားဝင် လျှောက်ထားပေးနိုင်သည့် ကိုယ်စားလှယ်ရုံးဖြစ်သည်။ သြစတြေးလျနိုင်ငံရှိ အဓိကမြို့ကြီးဖြစ်သော Melbourne မြို့တွင် Rivers ရုံးဖွင့်လှစ်ထားပြီး၊ သြစတြေးလျနိုင်ငံတွင် ပညာသွားရောက်သင်ကြားရန်အပြင် ရေရှည်နေထိုင်နိုင်ရန် ( PR Services ) အတွက်ပါရယူလိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် ပညာရေးဝန်ဆောင်မှုပေးသည့် ကိုယ်စားလှယ်ရုံးဖြစ်သည်။ သြစတြေးလျနိုင်ငံတွင်လည်း ရုံးခွဲများရှိခြင်းတို့ကြောင့် ကျောင်းသားများ အကူအညီလိုသည့်အချိန်တိုင်း ဆက်သွယ်အကူအညီရယူနိုင်ပါသည်။ ထိုပွဲတွင် ပညာရေးအပြင် သြစတြေးလျနိုင်ငံတွင် ပြောင်းရွှေ့နေထိုင်လိုသော ကျောင်းသား၊ ကျောင်းသူနှင့် မိသားစုများအတွက် သိသင့်သိထိုက်သော သတင်းအချက်အလက်များအကြောင်းကို သြစတြေးလျမှ ၀ါရင့်ကျွမ်းကျင်သောရှေ့နေကိုယ်တိုင် "အခမဲ့" ပါ၀င်ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။။ ထို့အပြင် သြစတြေးလျနိုင်ငံတွင် ကျောင်းတက်ခဲ့သောအတွေ့အကြုံများကို ပြောကြားပေးမည်ဖြစ်ပြီး၊ မိဘများနှင့် ကျောင်းသားကျောင်းသူများမှလည်း မိမိတို့ သိရှိလိုသည်များကို မေးမြန်း၊ ဆွေးနွေးနိုင်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း၊ ဆေးပညာဆရာဝန်ဘွဲ့တက်လိုသည့် ကျောင်းသား၊ကျောင်းသူများ နှင့် IGCSE, GCE "A" level, SAT, IB Diploma အောင်မြင်ထားသူများ၊ HND ဒီပလိုမာ ရရှိပြီးသူများ၊ တက္ကသိုလ်မှ ဘွဲ့ရရှိထားပြီး သြစတြေးလျနိုင်ငံတွင် ပညာဆက်လက်သင်ကြားလိုသူများ တက်ရောက်သင့်ပြီး ပြပွဲနေ့တွင် ကျောင်းလာရောက်လျှောက်ထားနိုင်ပါသည်။ ထို့အပြင် သြစတြေးလျတွင် ကျောင်းသွားတက်ပြီး ရေရှည်သွားရောက်နေထိုင်ချင်သူများအတွက်ပါ မည်သည့် ကျောင်းဘာသာရပ်များသည် အလုပ်ရှာရန်အသင့်တော်ဆုံးဖြစ်ပြီး (Permanent Resident) ရရန်အလွယ်ကူဆုံးဖြစ်မည်ဆိုတာပါ ရုံးဖွင့်ပွဲတွင် အခမဲ့ ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ်အနေဖြင့်***
ပညာရေးဆွေးနွေးပွဲတွင် ကျောင်းလျှောက်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်း/ဘာသာရပ် ရွေးချယ်ခြင်း၊ ကျောင်းလျှောက်ပေးခြင်း၊ ကျောင်းခေါ်စာ(offer letter)လက်ခံခြင်း၊ ကျောင်းသားဗီဇာ လျှောက်ပေးခြင်း၊ နေထိုင်ရန် စီစဉ်ပေးခြင်း၊ လေဆိပ်ကြိုပို့ စီစဉ်ပေးခြင်းတို့ မည်သည့် ဝန်ဆောင်ခမှ ပေးရန် မလိုဘဲ အခမဲ့ကူညီပေးမည်ဖြစ်ပါသည်။
Room 1003, Times City Complex, Office Tower 3 between Hantharwaddy Road & Kyun Taw Road, Kamaryut Township, Yangon
Zipevent Myanmar